25 C
Yangon

ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၃၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြည်ထွန်း ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံး၊ မိန်းမဖြစ်သူ အရေးပေါ် ဆေးကုသမှု ခံနေရ

Must read

ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၃၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြည်ထွန်း ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံး၊ မိန်းမဖြစ်သူ အရေးပေါ် ဆေးကုသမှု ခံနေရ

ရန်ကုန်၊ မတ် ၃၁

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၃၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြည်ထွန်းနှင့် မယား ဖြစ်သူတို့ ပစ်ခတ်ခံရပြီး ကြည်ထွန်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၃၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြည်ထွန်းသည် မယားဖြစ်သူ စန္ဒာအေးနှင့် နေအိမ်မှ ဗိုလ်ဆွန်ပက်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဘေးတွဲ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် ဗိုလ်ဇင်ယော်လမ်းပေါ်တွင် အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကြည်ထွန်းသည် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ရပ်ကွက် အုပ်ချုပ်ရေးမှူး ကြည်ထွန်းသည် ဦးခေါင်း ၊ နဖူး ၊ ရင်ညွန့် တို့ကို သေနတ်ကျည် ၅ ချက်ထိမှန်ခဲ့ပြီး ၎င်း၏မိန်းမဖြစ်သူ စန္ဒာအေးသည် ကျောကုန်းကို သေနတ်ကျည် ၂ ချက် ထိမှန်ကာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း၊ သေဆုံးသွားသော အုပ်ချုပ်ရေးမှူး ကြည်ထွန်း အလောင်းနှင့် စန္ဒာအေးကို အမှတ် ၁ မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article