26 C
Yangon

အရာတော်မြို့နယ် ထွေ/အုပ်ရုံးတွင် သင်္ကြန်ပွဲ ကျင်းပရန် ဌာနဆိုင်ရာ အစည်းအဝေး ပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ မှု စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၁

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ ထွေအုပ်ရုံးတွင် အကြမ်းဖက် စစ်သားများ နှင့် NON-CDM ဝန်ထမ်းများ သင်္ကြန်ပွဲ ကျင်းပရန် အစည်းအဝေး ပြုလုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း BGS Drone Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် အရာတော်မြို့ ‌အထွေထွေ အုပ်ချုပ်ရေး ရုံးအတွင်း အကြမ်းဖက် စစ်သားများနှင့် NON-CDM ဝန်ထမ်းများ သင်္ကြန်ပွဲ ကျင်းပရန် အစည်းအဝေး ပြုလုပ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ထွေအုပ်ရုံးကို လက်လုပ် ၁၂၀ မမ (စလစ်) ဗုံးသီး ၁ လုံး ဒရုန်းဖြင့် ကျဲချ တိုက်ခိုက်ခဲ့ရာ ထွေအုပ်ဦးစီး နေအိမ်အပေါ်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး ကင်းယူထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force & Ayadaw Rocket တို့ ဦးဆောင်၍ မုံရွာခရိုင် ပကဖ ၊မြို့နယ် ပကဖ၊ တိုက်နယ် (၄)/(၁၁)၊မိုင်းမင်းသား ပြောက်ကျားအဖွဲ့တို့ ပံ့ပိုးကူညီမှုများဖြင့် ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #သင်္ကြန်ပွဲ ကျင်းပရန် ဌာနဆိုင်ရာ အစည်းအဝေး ပြုလုပ်နေစဉ် #ဒရုန်းဖြင့် ဗုံးကျဲ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article