25 C
Yangon

လောင်းလုံးတွင် စစ်သားများ လိုက်ပါလာသော မြေတင်ကားကို ဒရုန်းဖြင့် ဗုံးကျဲ မှု စစ်သား ၁၂ ဦးသေဆုံး၊ တန င်္သာရီ၊ ခမရ ၅၅၇ ၊ခမရ ၅၅၈ တပ်ရင်း ၂ ခု နှင့် ကျွန်းစုမြို့နယ်ရှိ စစ်သင်္ဘောကို ဒရုန်းဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ ဧပြီ ၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါ လာသော မြေတင်ကားကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ မြေတင်ကားထဲ ဗုံးသီး ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၈ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ် စခန်းမှူး အပြောင်းအရွှေ့ပြုလုပ်စဉ် လောင်းလုံးမှ ထားဝယ်သို့ ထွက်ခွာလာသည့် စခန်းမှူး ယာဉ်တန်းကို လုံခြုံရေး ယူပေးသော အကြမ်းဖက် စစ်ကောင်စီတပ်သား ၂၅ ဦးလိုက်ပါလာသော မြေတင်ကားကို လောင်းလုံး PDF တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ဒရုန်းဗုံးသီးသည် မြေတင်ကားထဲ ကျရောက် ပေါက်ကွဲခဲ့သောကြောင့် စစ်ကောင်စီ တပ်သား ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ၁၂ ဦး သေဆုံးခဲ့ပြီး ကျန်ဒဏ်ရာရ စစ်ကောင်စီ တပ်သားများလည်း အပြင်းအထန် ဒဏ်ရာများဖြင့် ထပ်မံ သေဆုံးနိုင်ဖွယ်ရှိသေးကြောင်း သိရှိရသည်။

“ကားပေါ်မှာ လိုက်ပါလာတဲ့ စစ်ခွေး ၂၅ ကောင် အနက် ၃ ကောင်ကတော့ ဘယ်နေရာမှ ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ အကောင်းအတိုင်းရှိနေတယ်လို့ ခိုင်လုံတဲ့ စစ်ကောင်စီ သတင်းအရင်းအမြစ်များတွေပြောတယ်။ ဒဏ်ရာရထားတဲ့ ခွေးတွေလည်း အခြေအနေ မကောင်းဘူး” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယင်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် သေဆုံးသွားသော စစ်သား အလောင်းများနှင့် ဒဏ်ရာရရှိထားသော စစ်ကောင်စီ တပ်သားများကို ထားဝယ်မြို့ရှိ ကုတင် ၁၀ဝ တပ်နယ်ဆေးရုံကို ပို့ဆောင်ထားပြီး ဆေးကုသမှု ပြုလုပ်နေကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၅၇ နှင့် ခမရ ၅၅၈ တပ်ရင်း ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ထံမှ သိရသည်။

မတ်လ ၃၀ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်မှ မတ်လ ၃၁ ရက်နေ့ နံနက် ၄ နာရီအချိန် အထိ အကြမ်းဖက် စစ်တပ်၏ ခမရ ၅၅၇ နှင့် ခမရ ၅၅၈ တပ်ရင်းတို့ကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ က ဒရုန်းဖြင့် ဗုံး ၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ခမရ ၅၅၇ နှင့် ခမရ ၅၅၈ ရှိ တပ်ရင်း အဆောက်အဦး တချို့ ထိခိုက်မှုရှိပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများ သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ချောင်းသုံးပေါက်မြစ်ဆုံရှိ စစ်သင်္ဘောကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Dragon Squad – TNI အဖွဲ့ထံမှ သိရသည်။

မတ်လ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကင်းပုန်းဝပ်နေသော ကျွန်းစုမြို့နယ်၊ ချောင်းသုံးပေါက်မြစ်ဆုံရှိ စစ်သင်္ဘောကို Dragon Squad – TNI အဖွဲ့က ဒရုန်းဖြင့် ဗုံးသီး ၃ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #လောင်းလုံး #စစ်သင်္ဘောကို ဒရုန်းဖြင့် ဗုံးကျဲ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article