25 C
Yangon

ထန်းတပင်မြို့နယ်၊ ဒိုးသောင်ရွာအနီးရှိ ရွှေလုပ်ကွက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဒိုးသောင်ရွာအနီးရှိ ဧက ၁၀၀ ရွှေလုပ်ကွက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၃၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဒိုးသောင်တံတားတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဒိုးသောင်ရွာအနီးရှိ ဧက ၁၀၀ ရွှေလုပ်ကွက်ကို အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ရွှေလုပ်ကွက်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၆ နှစ်အရွယ် ကိုရဲမင်းထက် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“ညက စစ်ခွေးတွေ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်လို့ ဒိုးသောင်ရွာအနီး ဧက ၁၀၀ ရွှေလုပ်ကွက်က အလုပ်သမား ၁ ဦး လက်နက်ကြီး ကျည်ထိမှန်သေဆုံးသွားတယ်။ ဒိုးသောင်တံတားထိပ်မှာ တပ်စွဲထားတဲ့ စစ်ခွေးတွေက အားလုံးပေါင်း လက်နက်ကြီး ၃ ချက်ပစ်တာ နောက်ဆုံး အချက်မှာ မှန်သွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရွှေလုပ်ကွက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article