26 C
Yangon

မှော်ဘီမြို့နယ်၊ စစ်တပ်ရှေ့ရှိ ကိုးလုံးကွင်းရပ်ကွက်ရုံးတွင် ဗုံးပေါက်ကွဲ

Must read

ရန်ကုန်၊ ဧပြီ ၁

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ စစ်မှုထမ်းဟောင်း အိမ်ရာအနီး စစ်တပ်ရှေ့ရှိ ကိုးလုံးကွင်းရပ်ကွက်ရုံးတွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် မှော်ဘီမြို့နယ်၊ စစ်တပ်ရှေ့၊ စစ်မှုထမ်းဟောင်းအိမ်ရာအနီး ကိုးလုံးကွင်း ရပ်ကွက်ရုံးပတ်ဝန်းကျင်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲသံ အကျယ်ကြီး ၂ ချက် ဆက်တိုက် ကြားရ ကြောင်း သိရှိရသည်။

“ရန်ကုန်တိုင်းမှော်ဘီမြို့နယ် ရဲဘော်စျေးမှတ်တိုင်အနီး မုဆိုးမ(စစ်မှု ထမ်းဟောင်း) အိမ်ရာအနီးဗုံးနှစ်လုံးပေါက်ပါတယ်။ လူအထိအခိုက်ရှိ၊ မရှိတော့မသိရသေးပါဘူး။ အသံကတော့တော်တော်ကျယ်တယ်။ ဘယ်သူမှအဲ့နားမသွားရဲတော့အထိအခိုက်တော့မသိရသေးဘူး။ စစ်တပ်ရှေ့လည်းဖြစ်နေတော့ ထွက်ကို မကြည့်ရဲကြတာ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

မှော်ဘီမြို့နယ်မှ ပြည်သူတချို့၏ အဆိုအရ စစ်တပ်က ရပ်ကွက်ရုံးသို့ လာရောက် စစ်ဆေးမှုများ လုပ်ဆောင်သွားခဲ့သော်လည်း ဖမ်းဆီးမေးမြန်းမှုမျိုး လုပ်ဆောင်ခြင်းမရှိခဲ့ဟု ဆိုကြသည်။

မတ်လ ၃၀ ရက်နေ့ မှော်ဘီမြို့နယ်၊ ကုလားကုန်းကျေးရွာအဝင်လမ်းတွင် ဗုံးပေါက်ကွဲခဲ့သဖြင့် ပလုံကောက်သူ ၃ ဦးသေဆုံးခဲ့ရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ကိုးလုံးကွင်းရပ်ကွက်ရုံးတွင် ဗုံးပေါက်ကွဲ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article