25 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂ ရက် နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည် အမ်းမြို့နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေမှာ အကြမ်းဖက် စစ်ကောင်စီက မိုင်းထောင်တာတွေ ၊ အင်အားတိုးချဲ့တာတွေနဲ့ လက်နက်ခဲယမ်းသယ်ဆောင်တာတွေ လုပ်နေတဲ့အတွက် အမ်း-ပဒါန်း ကားလမ်းကို အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီလို့ ရခိုင့်တပ်တော် AA က အရေးပေါ်ထုတ်ပြန် ကြေညာလိုက်ပါတယ်။
  • လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကျပ် စစ်တပ်ထဲသွင်းနေတဲ့ တောင်တွင်းကြီးမြို့နယ် နဲ့ အမရပူရမြို့နယ်တွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ တစ်ဖက်မှာလည်း စစ်တပ်နဲ့ ပေါင်းပြီး လောင်းကစား၀ိုင်းတွေ တရားဝင် ဖွင့်လှစ်ထားတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကရင်ပြည်နယ် မြဝတီမြို့နယ်က သင်္ဃန်းညီနောင်မှာ KNLA နဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်ထားတဲ့ စစ်ကောင်စီရဲ့ ခမရ ၃၅၅ တပ်ရင်းကို ပြန်လည်ရယူဖို့ဆိုပြီး စစ်ကူရောက်လာတဲ့ အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ပေါင်းစုတွေကနေ တိုက်ခိုက်ခြေမှုန်း ရာမှာ စစ်ကောင်စီတပ်သား အယောက် ၂၀ကျော် ထပ်သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေး ပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article