26 C
Yangon

ရန်ကုန်မြို့ ၄၄ လမ်းဖြစ်စဉ်တွင် ခုန်ချခဲ့သည့် နိုင်ငံရေးအကျဉ်းသား ကိုဝေယံထက်နှင့် ကိုမင်းသစ္စာမောင်(ခ)ကိုဗလ တို့ ပြင်ပဆေးရုံတွင် ဆေးဝါးကုသခွင့် လိုအပ်နေသော်လည်း စစ်ကောင်စီက ဆေးကုသခွင့် ပိတ်ပင်ထား

Must read

ရန်ကုန်၊ ဧပြီ ၂

ရန်ကုန်မြို့ ၄၄ လမ်းဖြစ်စဉ်တွင် ခုန်ချခဲ့သည့် နိုင်ငံရေးအကျဉ်းသား ကိုဝေယံထက် နှင့် ကိုမင်းသစ္စာမောင်(ခ)ကိုဗလ တို့ ပြင်ပဆေးရုံတွင် ဆေးဝါးကုသခွင့် လိုအပ်နေသော်လည်း စစ်ကောင်စီက ခွင့်မပြုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) အဖွဲ့မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

ရန်ကုန်မြို့ ၄၄ လမ်း ဖြစ်စဉ်တွင် တိုက်ပေါ်မှ ခုန်ချခဲ့ကြသည့် ရဲဘော်များအနက် ကိုဝေယံထက် နှင့် ကိုမင်းသစ္စာမောင်(ခ)ကိုဗလ တို့ကို စစ်ကောင်စီက မတရားသော ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသား ကိုဝေယံထက် နှင့် ကိုမင်းသစ္စာမောင်(ခ)ကိုဗလ တို့ နှစ်ဦးစလုံး ပြင်ပဆေးရုံတွင် ဆေးဝါးကုသခွင့်မရရှိဘဲ အကျဉ်းထောင်တွင် ဆက်လက် မတရားအကျဉ်းချခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) အဖွဲ့က ပြောသည်။

နိုင်ငံရေးအကျဉ်းသား ကိုဝေယံထက် သည်တိုက်ပေါ်က ခုန်ချစဉ် ခြေထောက်အောက်ပိုင်း ထိခိုက်ခဲ့သည့် အတွက် ဝှီးချဲနှင့် သွားလာနေထိုင်နေရသူဖြစ်ပြီး လက်ရှိတွင် ခြေထောက်နှစ်ဖက်စလုံးကျိုးနေကြောင်း၊ ကိုယ်ခန္ဓာအောက်ပိုင်း ခြေချောင်းများလှုပ်ရှားမရဘဲ ပေါင်အရိုးများလည်း ကြေမွသွားခဲ့ရသည့်အတွက် စတီးချောင်းနှင့်မူလီကြပ်ထည့်ထားကြောင်း၊ နိုင်ငံရေးအကျဉ်းသား ကိုမင်းသစ္စာမောင်(ခ)ကိုဗလ သည်လည်း ခုန်ချခဲ့သည့် ဒဏ်ရာ ခြေထောက်နှင့် ခါးတဝိုက်ဒဏ်ရာများ ရရှိခဲ့ကာ လက်ရှိအချိန်ထိ သက်သာခြင်း မရှိသေးကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) အဖွဲ့၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

လက်ရှိတွင် ကိုဝေယံထက်သည် အကျဉ်းထောင်ဆေးရုံတွင်‌ နေခွင့်ရသော်လည်း အကျဉ်း‌ထောင် ၏ ဆေးဝါးစောင့်ရှောက်မှု လိုအပ်ချက် ရှိနေ၍ ထောင်ပြင်ဆေးရုံများတွင် ပို့ဆောင်ကုသရန် လိုအပ်နေကြောင်း၊ ကိုမင်းသစ္စာမောင်မှာမူ အင်းစိန်‌ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် အကျဆောင်တွင်သာ ထားခဲ့ပြီး ထောင်ဆေးရုံတွင်ပင် နေထိုင်ကုသခွင့်မရကြောင်း သိရှိရပါသည်။

“အပြင်မှာ ကုသဖို့ လိုအပ်တဲ့ အကျဉ်းသားမှန်သမျှကို အကျဉ်းထောင်ပြင်ပဆေးရုံတွေကို ပို့ပေးရမယ့် တာဝန် အကျဉ်းဦးစီးဌာနမှာ အပြည့်ရှိပါတယ်။ ဒါကို ၄၄ လမ်း ဖြစ်စဉ်မှာ ဖမ်းမိသူတွေမို့ အကျဉ်းထောင်ပြင်ပဆေးရုံမှာ ကုသခွင့်မပေးတာမျိုးကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စလို့ ပြောချင်ပါတယ်”ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) အဖွဲ့၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

အင်းစိန်အကျဉ်းထောင်နှင့် သာယာဝတီထောင်ရှိ ထောင်အာဏာပိုင် တာဝန်ရှိသူများအနေဖြင့် ကိုဝေယံထက် နှင့် ကိုမင်းသစ္စာမောင်တို့အပါအဝင် အခြားအရေးပေါ်ပြသရန် လိုအပ်သူများကို ထောင်ပြင်ပဆေးရုံများတွင် အမြန်ဆုံး ဆေးကုသခွင့်ပေးရန်အတွက်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က တောင်းဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ကိုဝေယံထက်နှင့် ကိုမင်းသစ္စာမောင်(ခ)ကိုဗလ တို့ ပြင်ပဆေးရုံတွင် ဆေးဝါးကုသခွင့် လိုအပ် #ရန်ကုန်မြို့ ၄၄ လမ်း ဖြစ်စဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article