24 C
Yangon

အမေရိကန် Schlumberger ကုမ္ပဏီက စစ်ကောင်စီလက်အောက်ခံ MOGE ထံသို့ လုပ်ငန်းသုံး ပစ္စည်းတွေဆက်လက် ရောင်းချနေမှု ရပ်တန့်ဖို့ JFM တောင်းဆို

Must read

အမေရိကန် Schlumberger ကုမ္ပဏီက စစ်ကောင်စီလက်အောက်ခံ MOGE ထံသို့ လုပ်ငန်းသုံး ပစ္စည်းတွေဆက်လက် ရောင်းချနေမှု ရပ်တန့်ဖို့ JFM တောင်းဆို

■ စစ်တပ်အပေါ် အမေရိကန်အစိုးရချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ အရေးယူမှုကို Schlumbergerက ချိုးဖောက်နေ

ရန်ကုန် ၊ ဧပြီ ၂

အမေရိကန် ရေနံလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီ Schlumberger က အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ထံသို့ ရေနံနှင့်သဘာ၀ဓာတ်ငွေ့ဆိုင်ရာ လုပ်ငန်းသုံး ပစ္စည်းကိရိယာ များဆက်လက် ရောင်းချနေ တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။

Justice For Myanmar က တွေ့ရှိတဲ့ ကုန်သွယ်မှုအချက်အလက် တွေအရ ၂၀၂၃ ခုနှစ်၊ ဇွန်လနဲ့ နိုဝင်ဘာလတွေမှာ Schlumberger Vietnam Services Co. Ltd. ကနေ MOGE ရဲ့ မန်းနေးဂျင်းဒါရိုက်တာထံ ကုန်ပစ္စည်း တင်ပို့မှု နှစ်ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတင်ပို့မှု နှစ်ကြိမ်လုံးဟာ ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်းတွေ မှာ အသုံးပြုတဲ့ ကေဗယ်ကြိုးတွေ တိုင်းတာရာမှာ အသုံးပြုတဲ့ လေဆာချိန်ညှိကိရိယာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုက MOGE ကို ဘဏ္ဍာရေးဝန်ဆောင်မှု ပေးအပ်တဲ့ အပေါ် ကန့်သတ်ပိတ်ပင်မှုတွေ ပြဌာန်းလိုက်တဲ့ ၂၀၂၃ ခုနှစ်အောက်တိုဘာ လ နောက်ပိုင်းမှာ နောက်ဆုံးအကြိမ် တင်ပို့မှုလုပ်‌ဆောင်ခဲ့တာဖြစ်တယ်လို့ သ်ရပါတယ်။

Schlumberger ကုမ္ပဏီအနေနဲ့ အမေရိကန်အစိုးရက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများအား လိုက်နာဖို့ ပျက်ကွက်ခဲ့တာဖြစ်တယ်လို့ Justice For Myanmar က ဆိုပါတယ်။

Schlumberger ဟာ နယူးရောက်စတော့အိတ်ချိန်းစာရင်းဝင် ရေနံလုပ်ငန်းဝန်ဆောင်မှု ကော်ပို ရေးရှင်းတစ်ခု ဖြစ်ပြီး ပနားမားအခြေစိုက်ကုမ္ပဏီခွဲ Schlumberger Logelco က မြန်မာ နိုင်ငံမှာ လုပ်ငန်းခွဲ တစ်ခုရှိပြီး၊ မှတ်ပုံတင်ထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Schlumberger နဲ့ အခြားရေနံလုပ်ငန်း ဝန်ဆောင်မှုကုမ္ပဏီများအနေနဲ့ MOGE နဲ့ ပတ်သက်တဲ့ ငွေပေးချေမှုတွေ ရပ်တန့်ဖို့ နဲ့ မြန်မာနိုင်ငံက လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ လည်း Justice For Myanmar ကတောင်းဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article