30.5 C
Yangon

ညောင်လေးပင်-ရွှေကျင် လမ်းပိုင်းရှိ စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှု များပြား၊ မြိုင်မြို့နယ် စက်မှု ၂ တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

ညောင်လေးပင်-ရွှေကျင် လမ်းပိုင်းရှိ စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှု များပြား၊ မြိုင်မြို့နယ် စက်မှု ၂ တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်-ရွှေကျင် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်စခန်းကို တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှု များပြားကြောင်း People Defence Force Shwegyin – SGDF အဖွဲ့ထံမှ သိရသည်။

မတ်လ ၂၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ညောင်လေးပင်မြို့နယ်၊ ညောင်ပင်ပေါက်ကျေးရွာ ညောင်လေးပင်-ရွှေကျင်လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ အင်အား ၁၅ ဦးခန့်ရှိသော ယာယီစခန်းငယ်ကို KNLAနှင့် PDF ပူးပေါင်း အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၁ နာရီကျော်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်း ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရကာ စစ်သား အလောင်းများနှင့် ဒဏ်ရာရသူများကို ကျေးရွာနေ ပြည်သူများ၏ ကားဖြင့် ညောင်လေးပင်ဘက်ကို သယ်ဆောင်သွားကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ရွှေကျင် ဗျူဟာကုန်းမှ ပစ်ခတ်သော လက်နက်ကြီးများကြောင့် ညောင်ပင်ပေါက်၊ ထောင်လောင်း၊ ရှမ်းတဲစုရွာ ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ညောင်လေးပင်မြို့နယ်၊ မုက္ခမူကျေးရွာရှိ မုက္ခမူတံတား စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာ ရခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၁ ဦး သေဆုံးခဲ့ကြောင်း မြိုင် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁ ရက်နေ့ ညနေ ၄ နာရီခန့် တွင် မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော စက်မှု ၂ ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ဗုံးသီး ၂ လုံးမှာ စစ်ကောင်စီ တပ်သားများ နေထိုင်‌ရာ နေရာကို ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးကာ စစ်သား ၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဝံပုလွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊ မြိုင် ပ.က.ဖ တပ်ရင်း(၁)၊ D.M.G ပြည်သူ့ကာကွယ်ရေးတပ်ဖွဲနှင့် မိမိတို Thu Rain TR(ပခုက္ကူမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ-၂) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article