24.9 C
Yangon

မြန်မာအကြမ်းဖက်စစ်တပ်ထံသို့ လက်နက်တင်ပို့ရောင်းချမှု အလုံးစုံ တားဆီးပိတ်ပင်ရေး ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြတောင်းဆို

Must read

ရန်ကုန်၊ ဧပြီ ၃

မြန်မာအကြမ်းဖက်စစ်တပ်၏ ဆိုးရွားရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်ရန် တစ်ခုတည်းသောနည်းမှာ စစ်တပ်သို့ လက်နက်တင်ပို့ရောင်းချမှု အလုံးစုံ တားဆီး ပိတ် ပင်ရေးဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီးဦးကျော်မိုး ထွန်းကကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်တွင် တင်ပြ တောင်းဆိုလိုက်သည်။

ဧပြီလ ၂ ရက်နေ့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်ရုံး၌ ကျင်းပလျက်ရှိ သည့် ၂၀၂၄ ခုနှစ် ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်၏ အထွေထွေရေးရာ ဆွေးနွေးမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ထိုသို့ တင်ပြ တောင်းဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာစစ်တပ်၏ ပြည်သူများအပေါ် လူမဆန်သောကျူးလွန်မှုများစွာကို ခံစားနေရသည့် နိုင်ငံတစ် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် လက်နက်ပြန့်ပွားခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများ အပါအဝင် ပြည်သူများအပေါ် ထိခိုက်ခံစားရမှုများကို ကောင်းစွာနား လည်ပါကြောင်း၊ မြန်မာစစ်တပ်သည် အချို့သောနိုင်ငံများမှ တင်သွင်းသည့် တိုက်လေယာဉ်၊ လက် နက်ခဲယမ်းများ၊ အမြောက်၊ လက်နက်ကြီးများနှင့် ဆက်စပ်နည်းပညာများကို အသုံးပြု၍ အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ် အပေါ်ကျူးလွန်သည့် ရာဇဝတ်မှု များကို ကျူးလွန်လျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီးဦးကျော်မိုး ထွန်းက ဆက်လက်ပြောကြားသည်။

အရှေ့တောင်အာရှတွင် နျူကလီးယားလက်နက်ကင်းစင်ဇုန် စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် မြန် မာနိုင်ငံအနေဖြင့် နျူကလီးယားကင်းစင်ဇုန်များ ပေါ်ပေါက်ရေးအပေါ် မြန်မာနိုင်ငံမှ အပြည့်အဝ သဘောတူကြောင်း၊ ယင်းမှာ နျူးကလီးယားလက်နက် ဖျက်သိမ်းရေး အစီအစဉ်အတွက် မိမိတို့ ဘုံ ရည်မှန်းချက်ဖြစ်သည့် နျူကလီးယား လက်နက်ဖျက်သိမ်းခြင်းအတွက် အထောက်အကူ ဖြစ်စေ မည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်း က ထောက်ပြ ပြောဆိုသည်။

အဆိုပါ ၂၀၂၄ ခုနှစ် ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်၏ ၂၀၂၄ ခုနှစ် အထွေထွေရေးရာ ဆွေးနွေးမှု အစည်း အဝေးကို ဧပြီလ ၁ ရက်နေ့မှ ၁၉ ရက် နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #သံအမတ်ကြီး ဦးကျော်မိုးထွန်း #မြန်မာအကြမ်းဖက်စစ်တပ်ထံသို့ လက်နက်တင်ပို့ရောင်းချမှု အလုံးစုံ တားဆီးပိတ်ပင်ရေး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article