30 C
Yangon

မြိုင်မြို့နယ်၊ လင်းကတောစခန်းကို တော်လှန်ရေး တပ်ပေါင်းစုက ၂ ရက်ဆက် ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး စခန်းရှိ ဘန်ကာများကို မီးရှို့ရှင်းလင်း

Must read

ရန်ကုန်၊ ဧပြီ ၃

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောစခန်းကို တော်လှန်ရေး တပ်ပေါင်းစုက ၂ ရက်ဆက် ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး စခန်းရှိ ဘန်ကာများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း ၁၅ မှ ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ လင်းကတောစခန်းကို တော်လှန်ရေး တပ်ပေါင်းစုက ၂ ရက်ဆက် ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး စခန်းရှိ ဘန်ကာများကို မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က Mi 35 ရဟတ်ယာဉ်၊ ဂျက်ဖိုက်တာများဖြင့် အဆက်မပြတ် လာရောက် ဗုံးကျဲခဲ့ပြီး ရေစကြိုမြို့နယ်၊ ဖူလုံရွာ အခြေစိုက် ၁၀၁ လက်အောက်ခံ စစ်ကောင်စီ တပ်သာများက ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ၂ ရက်ဆက်တိုက် ပစ်ကူပေးခဲ့သောကြောင့် တော်လှန်ရေး တပ်ပေါင်းစုများက လင်းကတောစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိဘဲ စခန်းအတွင်းရှိ ဘန်ကာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးစခန်းကို ဝင်ရောက် တိုက်ခိုက်မှုအတွင်းမှာ ဘန်ကာ ၂ ခု ပျက်စီးသွားတယ်။ ၁ ရက်နေ့ တိုက်ခိုက်မှုမှာ စစ်ခွေးတွေက Mi 35 ၁ ခေါက် ၂ ရက်နေ့ တိုက်ပွဲမှာ ဂျက်ဖိုက်တာနဲ့ ၄ ခေါက် ၊ Mi 35 နဲ့ ၃ ခေါက် လာပစ်တယ်။ ရေကြိုစမြို့နယ်၊ ဖူလုံရွာ အခြေစိုက် ၁၀၁ လက်အောက်ခံ စစ်ခွေးတွေကလည်း ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ ၂ ရက်ဆက်တိုက် ပစ်ကူပေးခဲ့တယ်။ မျက်မြင် စစ်ခွေး ၂ ကောင် သေပါတယ်။ စစ်ခွေးစခန်းကိုလည်း မီးရှို့ရှင်းလင်းခဲ့တာတွေရှိတယ်။ လေယာဉ်နဲ့ မြေပြင် စစ်ကြောင်း အကူတွေကြောင့် မသိမ်းနိုင်ခဲ့ပါဘူး” ဟု ပခုက္ကူခရိုင် တပ်ရင်း ၁၅ မှ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို နဂါးနီ (မြိုင် ပကဖ)၊ ပခုက္ကူ (ပကဖ)၊ ပခုက္ကူ ခရိုင် တပ်ရင်းအမှတ် (၂)၊ အမှတ် (၃) ၊ အမှတ် (၁၅)၊ Column စစ်ကြောင်းနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ်၏ လင်းကတောစခန်းရှိ ဘန်ကာများကို တော်လှန်ရေးတပ်ပေါင်းစုက မီးရှို့ရှင်းလင်းခဲ့သည်ကို တွေ့ရစဉ်

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #လင်းကတောစခန်းကို တော်လှန်ရေး တပ်ပေါင်းစုက ၂ ရက်ဆက် ဝင်ရောက် တိုက်ခိုက် #စခန်းရှိ ဘန်ကာများကို မီးရှို့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article