25 C
Yangon

နေပြည်တော်တွင် စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်နေသည့် အုပ်ချုပ်ရေးမှူးများကို စတင် အရေးယူမည်ဟု ပကဖ ကြေညာ၊ စစ်မှုထမ်း ဥပဒေကြောင့် တိမ်းရှောင်လာသည့် တော်လှန်ရေး ရဲဘော်သစ်များကို ယူနီဖောင်းများပေးအပ်

Must read

ရန်ကုန်၊ ဧပြီ ၃

နေပြည်တော်တွင် အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်နေသည့် အုပ်ချုပ်ရေးမှူးများကို စတင် အရေးယူမှုမည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော် စစ်ရေးတာဝန်ခံ ဗိုလ်တေဇ က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်ပြီး အကောင်အထည်ဖော် လုပ်ဆောင်နေသူများကို နေပြည်တော် ပကဖ အဖွဲ့က မှတ်တမ်းတင်ထားပြီး လက်တွေ့လုပ်ဆောင်နိုင်မှသာ ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ပြီး အုပ်ချုပ်ရေးမှူးများကို အရေးယူရန် ပြင်ဆင်နေကာ ပြည်သူများကလည်း သတင်းပေးတိုင်ကြားမှုများ ရှိကြောင်း သိရသည်။

“စစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ သူတွေကို အရေးယူဖို့ရှိပါတယ်။ ဒါပေမယ့် နေပြည်တော်လို နေရာမျိုးဆိုတော့ အချိန်တော့ ယူနေရသေးတယ်။ ပြည်သူတွေ တိုင်ကြားထားတာတွေလည်း ရှိပါတယ်။ မှတ်တမ်းအဖြစ်ပဲ ထားရှိပြီး လက်တွေ့လုပ်ဆောင်နိုင်မှ ဦးစားပေး လုပ်ကိုင်သွားမှာပါ။ အုပ်ချုပ်ရေးမှူးတွေကိုတော့ အရေးယူဖို့ ပြင်ဆင်နေပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော် စစ်ရေးတာဝန်ခံ ဗိုလ်တေဇ က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီးတော့ နေပြည်တော် ပကဖ အဖွဲ့ထံ ဆက်သွယ်လာသူ အများအပြားရှိပြီး တပ်ဖွဲ့ စားနပ်ရိက္ခာ အခက်အခဲကြောင့် လူငယ် အနည်းငယ်ကို ခေါ်ယူနိုင်ခဲ့ကြောင်း၊ ပြည်သူများ၏ ထောက်ပံ့မှုများ ထပ်မံ ရရှိပါကာ ဆက်သွယ်လာသူ အားလုံးကို ထပ်မံ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အခုလက်ရှိ တပ်ဖွဲ့ဝင် အသစ်ခေါ်ယူထားတာတွေလည်း ရှိပါတယ်။ ဆက်သွယ်လာသူက တော်တော်များတယ်။ စားစရိတ် အခက်အခဲကြောင့် အကုန်မခေါ်နိုင်ဘူး။ ပြည်သူတွေဆီက ထောက်ပံ့မှုတွေ ရမယ်ဆိုရင်တော့ ဆက်ခေါ်ဖို့ရှိပါတယ်။ အခုတော့ ဒီလောက်ပဲ ခေါ်ထားရတာက စားစရိတ် အခက်အခဲ ဖြစ်နေသေးလို့ပါ” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော် စစ်ရေးတာဝန်ခံ ဗိုလ်တေဇ က ဆက်လက် ပြောဆိုသည်။

နေပြည်တော် ပြည်သူ့ကာကွယ် ရေးအဖွဲ့ထံ ဝင်ရောက်လာသည့် ရဲဘော်သစ်များကို နေပြည်တော် ပကဖ က ဧပြီလ ၁ ရက်နေ့တွင် ယူနီဖောင်းနှင့် ဘက်တံဆိပ် ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အုပ်ချုပ်ရေးမှူးများကို စတင် အရေးယူမည်ဟု ပကဖ ကြေညာ #တော်လှန်ရေး ရဲဘော်သစ်များကို ယူနီဖောင်းများပေးအပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article