29 C
Yangon

ဟုမ္မလင်းတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ၃ နှစ်အရွယ် ကလေး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ကလေးငယ်များအပါအဝင် ပြည်သူ ၉ ဦးဒဏ်ရာရ

Must read

ဟုမ္မလင်းတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ၃ နှစ်အရွယ် ကလေး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ကလေးငယ်များအပါအဝင် ပြည်သူ ၉ ဦးဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၄

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ မနော်သာကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ အသက် ၃ နှစ်အရွယ် ကလေး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဧပြီလ ၁ ရက်နေ့ ညနေ ၄ နာရီ ၁၈ မိနစ်အချိန် စစ်ကောင်စီတပ်က ဟုမ္မလင်းမြို့နယ်၊ မနော်သာကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ ၉ဦးမှာလည်းဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ တိုက်လေယာဉ်က မနော်သာကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်များကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အသက် ၃ နှစ်အရွယ် မမေသက်ဇွန်၊ မိဘများဖြစ်ကြသည့် ဦးချစ်ဆန်းဦး၊ဒေါ်ဝင်းမာဦး တို့ပါ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဦးဆွေသက်နိုင်၊ဒေါ်နန်းခမ်းမွန်တို့လည်း သေ ဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများမှာ အသက် ၅ နှစ်အရွယ် မလှယမင်း၊ အသက် ၁၀ နှစ်အရွယ် မောင်လှဘုန်းမြင့်၊ က လေးများဖြစ်ကြသည့် မောင်ဝေဖြိုးသူ၊ မောင်စိုးသူအောင်၊မောင်ရှိုင်းမြတ်သူ၊မောင်လင်းလက်ကြယ်၊မဆောင်းနှင်းဝေ၊မသက်ထူးမွန်တို့ ဒဏ်ရာရရှိကြောင်း၊ အသက် ၆၅ နှစ်အရွယ် ဦးသာချိုလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article