25 C
Yangon

အုတ်ဖိုမြို့နယ်တွင် စစ်တပ်က တပ်စွဲထားသော တင်းဝါးချောင်းရွာမှ ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

အုတ်ဖိုမြို့နယ်တွင် စစ်တပ်က တပ်စွဲထားသော တင်းဝါးချောင်းရွာမှ ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၄

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော တင်းဝါးချောင်းရွာမှ ပျူစောထီး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁ ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ တင်းဝါးချောင်းရွာ၌ နေထိုင်သော အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းနေသည့် ပျူစောထီး ထွန်းနိုင်ဝင်း (ခ) နိုင်ကြီး ဆိုသူကို မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“ဧပြီလ ၁ရက်နေ့ကရှင်းတာလို့သိရတယ်။ တော်လှန်ရေး ရဲဘော်တွေ ဝင်ပစ်တဲ့ရွာက ဗျူဟာလမ်းဘေးမှာရှိတာပါ။ အဲရွာကလည်း စစ်ခွေးတွေ တပ်စွဲထားတဲ့ ရွာပါ။ နိုင်ကြီးဆိုတဲ့ ပျူက စစ်ခွေးတွေနဲ့ အတူသွားလာတာရှိတယ် သတင်းပေး လုပ်နေတာပေါ့” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article