25 C
Yangon

Breaking News- နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှု လေတပ်လေယာဉ်ပြေးလမ်းထိခိုက်ပျက်စီး၊ လေတပ်နှင့်လေဆိပ်တွင် Jammer များ တပ်ဆင်ထားသော်လည်း ဒရုန်းများက ဖြတ်ကျော်ဝင်ရောက်ခဲ့

Must read

Breaking News- နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှု လေတပ်လေယာဉ်ပြေးလမ်းထိခိုက်ပျက်စီး၊ လေတပ်နှင့်လေဆိပ်တွင် Jammer များ တပ်ဆင်ထားသော်လည်း ဒရုန်းများက ဖြတ်ကျော်ဝင်ရောက်ခဲ့

■ လေတပ်သင်္ကြန်မဏ္ဍပ်ဆောက်လုပ်မှု ရပ်ဆိုင်းလိုက်ပြီး စစ်ရုံးရှိ ခန်းမဆောင်တစ်ခု၏ခေါင်မိုး ဒရုန်းဗုံးထိမှန်

ရန်ကုန်၊ ဧပြီ ၄

နေပြည်တော်၊ စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ဒရုန်းများဖြင့် ယနေ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လေတပ်လေ ယာဉ်ပြေးလမ်းထိခိုက်ပျက်စီးခဲ့ကြောင်း၊ လေတပ်နှင့်လေဆိပ်တွင် Jammer များ တပ်ဆင်ထားသော်လည်း ဒရုန်းများက ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကမူ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ၏ စစ်ရုံးချုပ်(ကက-ကြည်း) တည်ရှိရာ နေပြည်တော်နှင့် အေလာလေတပ်များကို ဒရုန်းများဖြင့် တပြိုင်နက် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိကြောင်း ၊အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Leather Weapon တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ရန်ကုန်ခေတ်သစ်၏ စစ်ရေးသတင်းအရင်းအမြစ်များ၏ အဆိုအရ နေပြည်တော်၊ အေလာ လေတပ်ထဲသို့ အသေခံဒရုန်း ၆ စီး ကျရောက်ခဲ့ပြီး လေယာဉ်ပြေးလမ်း ထိခိုက်ခဲ့သဖြင့် လေယာဉ်အတက်အဆင်း ယာယီ ရပ်ဆိုင်းခဲ့ကြောင်း ၊ ပြေးလမ်း၏ ထိပ်ဘက်အခြမ်းသို့ ဒရုန်းဗုံးများ ကျရောက်သဖြင့် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နေပြည်တော်လေတပ်က သင်္ကြန်မဏ္ဍပ်အကြီးစား ဆောက်လုပ်နေမှုကို လက်ရှိတွင် ဒရုန်းဗုံးများ ကျရောက်မှု ကြောင့် ရပ်ဆိုင်းလိုက်ကြောင်း၊ နေပြည်တော်လေတပ်နှင့် လေဆိပ်တွင် Jammer များ ထားရှိခဲ့သော် လည်း ယခုကဲ့သို့ အသေခံဒရုန်းများကို တားဆီးနိုင်ခြင်းမရှိဘဲ ဝင်ရောက်ဗုံးကျဲခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ နေပြည်တော်စစ်ရုံးရှိ ခန်းမဆောင် တစ်ခု၏ ခေါင်မိုးလည်း ဒရုန်းဗုံးထိမှန်သဖြင့် ပျက်စီးမှုရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article