25 C
Yangon

နေပြည်တော်လေဆိပ်နှင့် စစ်ရုံးချုပ်အတွင်းသို့ ဒရုန်း ၇ စင်း ပျံသန်းဝင်ရောက်လာကြောင်း စစ်ကောင်စီဝန်ခံသော်လည်း ပစ်ချနိုင်ခဲ့ဟု လိမ်လည် သတင်းထုတ်ပြန်

Must read

နေပြည်တော်လေဆိပ်နှင့် စစ်ရုံးချုပ်အတွင်းသို့ ဒရုန်း ၇ စင်း ပျံသန်းဝင်ရောက်လာကြောင်း စစ်ကောင်စီဝန်ခံသော်လည်း ပစ်ချနိုင်ခဲ့ဟု လိမ်လည် သတင်းထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၄

နေပြည်တော်အတွင်းသို့ ဒရုန်း ၇ စင်း ဝင်ရောက်လာကြောင်း စစ်ကောင်စီက ဝန်ခံသတင်းထုတ်ပြန်သော်လည်း ပစ်ချနိုင်ခဲ့ဟု လိမ်လည် သတင်းထုတ်ပြန်ထားကြောင်း သိရှိရသည်။

ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် နေပြည်တော်အတွင်းသို့ ဒရုန်းများ ဝင်ရောက်လာပြီး နေပြည်တော်စစ်ရုံးချုပ်နှင့် အေလာလေတပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အခင်းဖြစ်စဉ် ဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင်မှ စစ်ကောင်စီက စစ်ဆေးမှုများ လုပ်ဆောင်ပြီး နေပြည်တော်လေဆိပ်နှင့် အေလာလေတပ် လေယာဉ်အတက်အဆင်းကိုလည်း ပိတ်ထားခဲ့ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

သို့ရာတွင် စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် နေပြည်တော်လေဆိပ်သို့ ဒရုန်း ၄ စီး၊ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းသို့ ဒရုန်း ၃ စင်း ဝင်ရောက်လာသဖြင့် ပစ်ချဖျက်ဆီးခဲ့ရကြောင်း လိမ်လည် သတင်းထုတ်ပြန်လာသည်။

“ပစ်ချတယ်ဆိုရင် လေဆိပ်ထဲတောင် ရောက်ပြီး ပေါက်ကွဲစရာမရှိပါဘူး။ ပြေးလမ်းထိပ်ဘက်မှာ ကျရောက်ပေါက်ကွဲမှု ရှိပါတယ်။ စစ်ရုံးချုပ်က ခန်းမဆောင်ရဲ့ ခေါင်မိုး ထိမှန် ပျက်စီးမှုရှိပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်း မြစ်က ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏လိမ်လည် သတင်းထုတ်ပြန်ချက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article