25 C
Yangon

နေပြည်တော်တပ်ကုန်းမြို့နယ် မြို့မရဲစခန်းတွင် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား

Must read

နေပြည်တော်တပ်ကုန်းမြို့နယ် မြို့မရဲစခန်းတွင် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား

ရန်ကုန်၊ ဧပြီ ၄

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ မြို့မရဲစခန်းကို ယနေ့ နံနက်ပိုင်း ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)မှ အဖွဲ့ခေါင်းဆောင် ဇင်ယော်က ပြောဆိုသည်။

ဧပြီလ ၄ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် တပ်ကုန်းမြို့မရဲစခန်းကိုဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ရဲစခန်းအတွင်း ထိခိုက်မှုရှိကြောင်း သိရှိရသည်။

“‘ဒီမနက် ၅ နာရီမှာ တပ်ကုန်းမြို့မရဲစခန်းကိုဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။ ထိခိုက်မှုရှိပါတယ်။ အတိအကျတော့ မသိရသေးပါဘူး” ဟု စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)မှ အဖွဲ့ခေါင်းဆောင် ဇင်ယော်က ပြောဆိုသည်။

ဓာတ်ပုံ- တပ်ကုန်းမြို့မရဲစခန်းအဝင်အ၀။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article