29 C
Yangon

နေပြည်တော်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှုအပြီး ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ရပြီဟု NUG ကာကွယ်ရေးဝန်ကြီး ထုတ်ဖော်ပြောဆို

Must read

နေပြည်တော်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှုအပြီး ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ရပြီဟု NUG ကာကွယ်ရေးဝန်ကြီး ထုတ်ဖော်ပြောဆို

ရန်ကုန်၊ ဧပြီ ၄

ယနေ့ နေပြည်တော်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှုအပြီး ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ရပြီဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုလိုက်သည်။

ယနေ့ ဧပြီလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် နေပြည်တော် စစ်ရုံးချုပ်၊ အေလာလေတပ်နှင့် မင်းအောင်လှိုင်၏ နေအိမ်တို့ကို ဒရုန်း ၂၈ စင်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဒရုန်းများသည် အလွန်ဖြတ်တောက်အားနှင့် အင်အားကောင်းမွန် Jammer ကွန်ရက်များကို ဖြတ်ကျော်ကာ အေလာလေတပ်၊ စစ်ရုံးချုပ်တို့အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ယနေ့ ဒရုန်းစစ်ဆင်ရေးသည် ခရီးရှည်၏ ပထမဆုံးအတွေ့အကြုံဖြစ်ပြီး ဒရုန်းတွင်ပါသည့် ပြင်းအားနှင့်ပေါက်ကွဲအားသည် ၁၀၇ မမ ရှော့တိုက်ဒုံးထက် ၂၀ ရာခိုင်နှုန်းပိုပြင်းကြောင်း ရေးသားထုတ်ဖော်ထားသည်။

“ဒီ​နေ့ ​နေပြည်​တော်

………………………..

ခရီးရှည်ဒရုန်းများရဲ့ ပထမဆုံးအ​တွေ့အကြုံပါပဲ။

ဒရုန်းတစ်စင်းပါ ယမ်း​ပေါက်ကွဲအားက 107တစ်စင်းထက် ၂၀%ပိုပြင်းပြီး အနက်​ဖောက်ထွင်းအားလည်း ပို​ကောင်းပါတယ်။

ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ ရပါပြီ”ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သူ၏ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ပြည်သူများသို့ အသိပေး ရေးသား ထုတ်ဖော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article