28 C
Yangon

ထီးလင်းမြို့နယ်၊ ရေမျက်နီရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ ကျော်မီး လောင်ပြာကျပြီး မီးရှို့နေသော စစ်သားများကို ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၁ ဦး သေဆုံး

Must read

ထီးလင်းမြို့နယ်၊ ရေမျက်နီရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၀၀ ကျော်မီး လောင်ပြာကျပြီး မီးရှို့နေသော စစ်သားများကို ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၁ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၄

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၀၀ ကျော်မီးလောင်ပြာကျခဲ့ကြောင်း YRA ထီးလင်း တပ်ဖွဲ့မှ သခင်ဇော်က ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၃ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှစ၍ ကျောမြို့ ကပစ ၂၃ တပ်အတွင်းမှ စစ်ကူ ပေးရန် ထွက်လာသော အကြမ်းဖက် စစ်သားများသည် ရေမျက်နီရဲစခန်းအနီး အရောက်တွင် ပြည်သူ့ပိုင်နေ အိမ်များကို စတင် မီးရှို့ခဲ့ရာ ယနေ့ ဧပြီလ ၄ ရက် ညနေပိုင်းအထိ နေအိမ်များ မီးကူးစက် လောင်ကျွမ်းနေဆဲပြီး‌ နေအိမ် ၂၀၀ ကျော် ပြာကျသွားကြောင်း သိရသည်။

“မနေ့က ၁၁ နာရီ ၄၅ မိနစ်လောက်ကနေစရှို့တာ၊ ကျောပကစကနေ ဆင်းလာတဲ့ စစ်ကြောင်းဖြစ်ဖို့ များတယ်ဗျ၊ အဲဒီစစ်ကြောင်းက ရေမျက်နီရဲစခန်းကို အဝင်မှာ စခန်းရဲ့ အနီးပတ်ကျင်အိမ်တွေကို ရှို့ တာ၊ အဓိကတော့ သူတို့ ပစ်ကွင်း မြင်ကွင်းရှင်းဖို့အတွက်လည်း ဖြစ်နိုင်တယ်ဗျ၊ အဲဒီကနေ ကူးစက် ပြီးတော့ အိမ်ခြေ ၂၀၀ ကျော်ပါသွားတာပါဗျ။ ဒီညနေပိုင်းတော့ မီးကူးစက်တာတော့မရှိတော့ဘူး၊ မီးကြွင်းမီးကျန်လောက်တော့ ရှိသေးတယ်” YRA ထီးလင်း တပ်ဖွဲ့မှ သခင်ဇော်က ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ထို့သို့ မီးရှို့နေသော အကြမ်းဖက်စစ်သားများကို YRA ထီးလင်းတပ်ဖွဲ့မှ ၄၀ မမဖြင့် သွားရောက်ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိ ရေ မျက်နီရဲစခန်းနှင့် အနီးတဝိုက် တောင်ကုန်းများတွင် အကြမ်းဖက်စစ်သားများနေရာယူ တပ်စွဲ ထား ကြောင်း သိရသည်။

“ကျောကပစနေ ဆင်းလာတာ၊ အင်အား ၆၀ /၇၀ လောက်ပဲ မှန်းထားတယ်၊ ပိတ်ဆို့ထားပေမယ့် သူတို့က သွားနေကြလမ်းကြောမဟုတ်ပဲနဲ့ တောလမ်းတွေထဲအတိုင်း ရေမျက်နီဘက်ကို သွားတာဗျ၊ ဘာမတိုက်ပွဲမှာ မဖြစ်လိုက်ရဘူး၊ မနေ့ကတော့ မီးစရှို့တဲ့အချိန် ကျနော်တို့အဖွဲ့တွေက ၄၀ မမ နဲ့ ပစ်လိုက်သေးတယ်၊ ပစ်လိုက်တော့ မီးရှို့နေတဲ့နေရာနားမှာ ၃ ယောက်ရှိတာ၊ အဲဒီ ၃ ယောက်ထဲက တစ်ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်၊ ၂ ယောက်ကတော့ ဒဏ်ရာရသွားတာပေါ့၊ ဒါလေးပဲ ဖြစ်သေးတယ်” ဟု YRA ထီးလင်း တပ်ဖွဲ့မှ သခင်ဇော်က ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article