25 C
Yangon

ဖောင်းပြင်မြို့နယ်နှင့် သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူများ ထိခိုက် သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဧပြီ ၅

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူများ ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၉ ရက်နေ့ နံနက် ၄ နာရီမှ စတင်၍ ဖောင်းပြင်မြို့နယ်၊ ကျွန်းကုန်းရွာ၊ မနော်သာရွာနှင့် ဇောင်းကလောရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို KIA၊ PDF ပူးပေါင်း စစ်ကြောင်းက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ မတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီတွင်လည်း အကြမ်းဖက် စစ်တပ်က MI-2 စစ်လေယာဉ်နှင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်မှုကြောင့် ကျွန်းကုန်းအနောက်တောင်ခြေဘက် ၃ လုံး၊ ကျွန်းကုန်းရွာ အနောက်ဘက် ၃ လုံး၊ အင်ကြင်းမော်တောင်ပေါ် ၁ လုံး၊ ဇောင်းကလော သဲတောင်ပြင်ပေါ် ၂ လုံး၊ ဇောင်းကလော ဘုန်းကြီးကျောင်းနောက် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် ထပ်မံ၍ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့၍ စစ်တော်တောင်ပေါ် ၃ လုံး၊ အင်ကြင်းမော်ရွာဘက် ၁၃ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကျွန်းကုန်းရွာတွင် ပိတ်မိနေသည့် ပြည်သူများကို ကာကွယ်ရေးတပ်ဖွဲ့များက ကယ်ထုတ်နေစဉ် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ခြင်းကြောင့် ကျွန်းကုန်းရွာမှ ကလေးများ အပါအဝင် ပြည်သူများ ထိခိုက်ဆေသုံးမှုရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန်တွင်လည်း အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဗုံး ၁၇ လုံးကျဲသွားခဲ့ကြောင်း၊ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင်လည်း ထပ်မံ၍ ၂ ကြိမ်ခန့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဗုံး ၄ လုံးချသွားက၍ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ခဲ့ပြီး ဒဏ်ရာရရှိသူများထဲမှ ၁ ဦးကျဆုံးသွားကြောင်း၊ အကြမ်းဖက် စစ်တပ်သည် ဧပြီ ၂ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် MI-2 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် အင်ကြင်းမော်ရွာဘက်သို့ ဗုံး ၈ လုံး၊ စစ်တောတောင်ပေါ်ကို ဗုံး ၁၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ည ၁၀ နာရီ ၅ မိနစ်အချိန်တွင်လည်း ထပ်မံ၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ကာ ဗုံး ၅ လုံးကျဲသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အလားတူ မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

မတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၉ ခြေမြန်တပ်ရင်း တပ်စခန်းက သထုံမြို့နယ်ရှိ ရွာများထဲသို့ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ချောင်းစောင့်ရွာအတွင်း လက်နက်ကြီး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး လက်နက်ကြီးကျည်စထိမှန်ကာ ကျေးရွာနေ ပြည်သူ အသက် ၁၆ နှစ်အရွယ် စောနေလင်း၊ အသက် ၁၃ နှစ်အရွယ် စောဖြိုးဖြိုး၊ အသက် ၅၆ နှစ် အရွယ် ဦးမောင်ထွေး တို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အဆိုပါ အကြမ်းဖက် စစ်တပ်၏ တပ်ရင်းစခန်းက မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ ထို့ကော်ကျိုးကျေးရွာသား အသက် ၅၄ နှစ်အရွယ် နော်နောရီ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ မတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင်လည်း လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ရာ ထုံးဘိုလေးရွာသား အသက် ၅၇ နှစ်ရှိ အရွယ် တီးပန်းစိန် နှင့် အသက် ၂၃ နှစ်အရွယ် နော်ချောတခုတို့လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ပြည်သူများ နေထိုင်သည့် ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ဒေသနေပြည်သူများ ထိတ်လန့်စိုးရိမ်၍ မကြာခဏ တိမ်းရှောင်ရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article