26 C
Yangon

Breaking News- စစ်ကောင်စီက စေလွှတ်လိုက်သော MNA ATR 72- 600 လေယာဉ် ရန်ကုန်မှ မဲဆောက်မြို့သို့ ဆိုက်ရောက်ပြီ

Must read

Breaking News- စစ်ကောင်စီက စေလွှတ်လိုက်သော MNA ATR 72- 600 လေယာဉ် ရန်ကုန်မှ မဲဆောက်မြို့သို့ ဆိုက်ရောက်ပြီ

■ မြ၀တီတွင် ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ဆယ်ရေးလုပ်မည်ဟု ထိုင်းသတင်းမီဒီယာများက စတင်ဖော်ပြ

ရန်ကုန်၊ ဧပြီ ၇

စစ်ကောင်စီ၏ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ATR 72-600 လေယာဉ်သည် ယနေ့ ညပိုင်း ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာသွားပြီး ယခု သတင်းရေးသားချိန် လေ ယာဉ် ဆိုက်ရောက်ပြီ ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ညပိုင်းထွက်ခွာသွားသော အဆိုပါလေယာဉ်တွင် ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ဆယ်ရေး လုပ်ဆောင်ရာတွင် ပါဝင်ညှိနှိုင်းဆောင်ရွက်ပေးကြမည့် စစ်ကောင်စီ ကိုယ်စားလှယ်တချို့လိုက်ပါသွားကြောင်း၊ ပိတ်မိနေသူများကို ကယ်ဆယ်ရေး ဧပြီလ ၈ ရက်နေ့တွင် စတင်မည်ဖြစ် ကြောင်း သိရှိရသည်။

“လေယာဉ်က မနက်ကတည်းကသွားရမှာကို ဘာကြောင့်းမှန်းမသိ အခု ညမှ ထွက်သွားတာ။ မနက် ဖြန်ကစပြီး ၃ ရက်ပျံသန်းမယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် The Standard သတင်းဌာန၏ ဖော်ပြချက်အရ ထိုင်းအစိုးရနှင့် စစ်ကောင်စီတို့အကြား ညှိနှိုင်းချက်အရ စစ်ကောင်စီ၏ ATR 72- 600 လေယာဉ် ဆိုက်ရောက်ခွင့်ပြုလိုက်ပြီး ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ဆယ်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

” မြန်မာစစ်ကောင်စီက နိုင်ငံခြားရေး ဝန်ကြီးဌာန လမ်းကြောင်းကနေ ထိုင်းအစိုးရနဲ့ ညှိနှိုင်းလာပါတယ်။ မြ၀တီဘက်မှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ရွှေ့ပြော်ငးဖို့ မြန်မာ စစ်တပ် လေယာဉ် ATR 72-600 ကို တာ့ခ်ခရိုင် မဲဆောက် လေဆိပ်မှာ ဆင်းခွင့်ပြု လိုက်ပြီ” ဟု ထိုင်းစစ်တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- MNA လေကြောင်းလိုင်း၏ ATR 72-600 လေယာဉ်တစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article