25 C
Yangon

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး သင်္ကြန်ကြော်ငြာ မုဒ်ဦးပြိုကျကာ ကားတစ်စီး ပျက်စီး

Must read

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး သင်္ကြန်ကြော်ငြာ မုဒ်ဦးပြိုကျကာ ကားတစ်စီး ပျက်စီး

ရန်ကုန်၊ ဧပြီ ၇

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်တွင် လေပြင်းတိုက်ခိုက်ပြီး သင်္ကြန်ကြော်ငြာဆိုင်း ဘုတ် မုဒ်ဦး တစ်ခု ပြုတ်ကျခဲ့ရာ ကားတစ်စီးပျက်စီးခဲ့ကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၇ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်က မန္တလေးမြို့တွင် လေပြင်းတိုက်ခတ်ခဲ့ရာ ချမ်းအေး သာဇံမြို့နယ်၊၂၆ လမ်း၊ ၇၃ လမ်းထောင့်ရှိ သင်္ကြန်ကြော်ငြာ မုဒ်ဦးဆိုင်းဘုတ်တစ်ခု ပြုတ်ကျခဲ့ကြောင်း၊ အဆိုပါ ဆိုင်းဘုတ်ပြိုကျမှုကြောင့် ဆိုင်းဘုတ်အောက်လမ်းပေါ်၌ ရပ်ထားသော ကားတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။

“လေက ခဏလေးပဲတိုက်တာ၊ လေပြင်းပဲ ပြင်းလို့လား၊ ဆိုင်းဘုတ်ပဲ မခိုင်တာလား မသိဘူး။” ဟု မန္တလေးမြို့နေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article