25 C
Yangon

Update News- စစ်ကောင်စီကိုယ်စားလှယ်များလိုက်ပါသော MNA ATR 72- 600 လေယာဉ် မဲဆောက်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ညတွင်းချင်း ပြန် လည် ထွက်ခွာမည်

Must read

Update News- စစ်ကောင်စီကိုယ်စားလှယ်များလိုက်ပါသော MNA ATR 72- 600 လေယာဉ် မဲဆောက်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ညတွင်းချင်း ပြန် လည် ထွက်ခွာမည်

ရန်ကုန်၊ ဧပြီ ၇

အကြမ်းဖက် စစ်ကောင်စီကိုယ်စားလှယ်များလိုက်ပါသော မြန်မာအမျိုးသားလေကြောင်းလိုင်း၏ MNA ATR 72- 600 လေယာဉ်သည် မဲဆောက်လေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ညတွင်းချင်း ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ညပိုင်း ရန်ကုန်လေဆိပ်မှ ည ၇ နာရီဝန်းကျင်အချိန် ထွက်ခွာခဲ့သော MNA ATR 72- 600 လေယာဉ်သည် မဲဆောက်လေဆိပ်သို့ မြန်မာစံတော်ချိန် ည ၈ နာရီဝန်းကျင်အချိန်တွင် ဆိုက်ရောက်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့သည် ထိုင်းစစ်တပ် အပါအဝင် ထိုင်းအာဏာပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ဆောင်ပြီး မဲဆောက်တွင် အထိုင်ချ နေခဲ့ကြမည့်သူများ ကျန်ရစ်ကာ ကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင်ပိုင်းတချို့မှာ မဲဆောက်မှ ရန်ကုန်သို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

” ရန်ကုန်-မဲဆောက် ပျံသန်းချိန်က ၁ နာရီပါ ။ အကြမ်းဖျဉ်းတော့ ည ၉ နာခွဲလောက် မဲဆောက်လေဆိပ်ကနေ ပြန်တက်ဖို့ လျာထားတယ်။ ဒါပေမယ့် ဟိုဘက်မှာ ဆွေးနွေးတာ ကြာရင်တော့ နောက်ကျနိုင်တယ်။ လျာထားတာကတော့ ရန်ကုန်လေဆိပ်ကို ည ၁၀ နာရီခွဲ ပြန်ရောက်လို့ လျာထားတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

ထိုင်းအာဏာပိုင်များက မဲဆောက်လေဆိပ် အဝင်အထွက်များကို ပိတ်ဆို့ထားပြီး မြန်မာစစ်ကောင်စီ၏ လေယာဉ်ကို အထူးလုံခြုံရေးပေးထားကြောင်း၊ ဆွေးနွေးမှုများတွင် စစ်ကောင်စီက လူနှင့် လက်နက်ပစ္စည်းများ သယ်ယူမည်ဟု အသိပေးထားကြောင်း သိရှိရသည်။

လာမည့် ဧပြီလ ၈ ရက်နေ့မှစတင်ပြီး ဧပြီလ ၁၀ ရက်နေ့ နေ့စဉ် MNA လေ ယာဉ်များ က ရန်ကုန်-မဲဆောက် လေယာဉ်ခရီးစဉ်များ ပျံသန်းပြီး မြ၀တီမြို့တွင် ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ကယ်ဆယ်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ ညပိုင်း မဲဆောက်လေဆိပ်အဝင်အထွက်ကို ထိုင်းအာဏာပိုင်များက ပိတ်ဆို့ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article