25 C
Yangon

Update News- ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်တွင် စစ်ကောင်စီက စေလွှတ်လိုက်သော MNA ATR 72- 600 အတွက် ထိုင်းစစ်တပ်နှင့်ထိုင်းရဲတပ်ဖွဲ့က အထူးလုံခြုံရေးတိုးမြှင့်ယူပေးထား

Must read

Update News- ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်တွင် စစ်ကောင်စီက စေလွှတ်လိုက်သော MNA ATR 72- 600 အတွက် ထိုင်းစစ်တပ်နှင့်ထိုင်းရဲတပ်ဖွဲ့က အထူးလုံခြုံရေးတိုးမြှင့်ယူပေးထား

ရန်ကုန်၊ ဧပြီ ၇

စစ်ကောင်စီက စေလွှတ်လိုက်ပြီး လက်ရှိ မဲဆောက်လေဆိပ်တွင် ဆိုက်ရောက်နေသော မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ATR 72-600 လေယာဉ်ကို ထိုင်းစစ်တပ်နှင့် ထိုင်းရဲတပ်ဖွဲ့က လေယာဉ်ကွင်းအပြည့် လုံခြုံရေးယူပေးထားကြောင်း ထိုင်းသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ညပိုင်း၊ ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားသော စစ်ကောင်စီ၏ MNA လေယာဉ်သည် ယနေ့ည ထိုင်းစံတော်ချိန် ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် မဲဆောက်လေဆိပ်သို့ ဆိုက်ရောက်ခဲ့ကြောင်း၊ မြ၀တီတွင် ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ဆယ်ရေး လုပ်ဆောင်ရာတွင် ပါဝင်ညှိနှိုင်းဆောင်ရွက်ပေးကြမည့် စစ်ကောင်စီ ကိုယ်စားလှယ်တချို့လိုက်ပါသွားကြောင်း၊ ပိတ်မိနေသူများကို ကယ်ဆယ်ရေး ဧပြီလ ၈ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း သိရှိရသည်။

“လေယာဉ်က မနက်ကတည်းကသွားရမှာ။ အခု ညမှ ထွက်သွားတာ။ မနက်ဖြန်ကစပြီး ၃ ရက်ပျံသန်းမယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် The Standard သတင်းဌာန၏ ဖော်ပြချက်အရ ထိုင်းအစိုးရနှင့် စစ်ကောင်စီတို့အကြား ညှိနှိုင်းချက်အရ စစ်ကောင်စီ၏ ATR 72- 600 လေယာဉ် ဆိုက်ရောက်ခွင့်ပြုလိုက်ပြီး ပိတ်မိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ဆယ်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

” မြန်မာစစ်ကောင်စီက နိုင်ငံခြားရေး ဝန်ကြီးဌာန လမ်းကြောင်းကနေ ထိုင်းအစိုးရနဲ့ ညှိနှိုင်းလာပါတယ်။ မြ၀တီဘက်မှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ရွှေ့ပြော်ငးဖို့ မြန်မာ စစ်တပ် လေယာဉ် ATR 72-600 ကို တာ့ခ်ခရိုင် မဲဆောက် လေဆိပ်မှာ ဆင်းခွင့်ပြု လိုက်ပြီ” ဟု ထိုင်းစစ်တပ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ-မဲဆောက်လေဆိပ်တွင် ယနေ့ည ထိုင်းစံတော်ချိန် ည ၈ နာရီ ၃၀ မိနစ်အချိန် ဆိုက်ရောက်လာသော စစ်ကောင်စီ၏ MNA ATR 72-600 လေယာဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article