25 C
Yangon

ကရင်နီပြည်နယ်တွင် အခြေခံလူ့အခွင့်အရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအမြင်ဖွင့်သင်တန်း ပြုလုပ်

Must read

ရန်ကုန်၊ ဧပြီ ၈

ကရင်နီပြည်နယ်အတွင်းရှိ ဒေသများတွင် အခြေခံလူ့အခွင့်အရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ၂ ရက်တာ အမြင်ဖွင့်သင်တန်းကို ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY)က ဦးဆောင်၍ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းပြုလုပ်ရခြင်းမှာ ကရင်နီပြည်နယ်အတွင်းရှိ လူငယ်များ အခြေခံလူအခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အကြောင်း အရာများ၊ ဖက်ဒရယ်ဒီမိုကရေစီအကြောင်းအရာများကို သိရှိနားလည်လာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ကရင်နီပြည်နယ်အတွင်းရှိ ကယန်းဒေသ၊ ပရဲ့ဒေသ၊ မနုမနောဒေသ တို့တွင်ပြုလုပ်ခဲ့ပြီး ကယန်း၊ ကယော၊ ပရဲ့၊ မနုမနော၊ ယင်းတလဲ၊လီဆူလူနှင့် ရှမ်း စသည့် လူမျိုးစုများမှ လူငယ်စုစုပေါင်း ဦးရေ ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အခြေခံလူ့အခွင့်အရေး #အခြေခံလူ့အခွင့်အရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအမြင်ဖွင့်သင်တန်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article