35 C
Yangon

ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာကို စစ်တပ်က ညအချိန်မတော် လေ ယာဉ်၊ ဒရုန်းများဖြင့် ဗုံးကျဲနေပြီး ပေါက်ကွဲသံများကို မော်လမြိုင်မှ ပင်ကြားနေရ

Must read

ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာကို စစ်တပ်က ညအချိန်မတော် လေ ယာဉ်၊ ဒရုန်းများဖြင့် ဗုံးကျဲနေပြီး ပေါက်ကွဲသံများကို မော်လမြိုင်မှ ပင်ကြားနေရ

ရန်ကုန်၊ ဧပြီ ၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ဓမ္မသတ်ကျေးရွာကို စစ်တပ်က ညအချိန်မတော် တိုက်လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကျဲနေပြီး ပေါက်ကွဲသံများကို မော်လမြိုင်မှပင်ကြားနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယနေ့ ည ၉ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန်မှစတင်၍ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာကို စစ်ကောင်စီတပ်များက တိုက်လေယာဉ်များ၊ ဒရုန်းများဖြင့် ဆက်တိုက်ဗုံးကျဲနေခြင်းဖြစ်ကြောင်း၊ တိုက်လေယာဉ် ၂ စင်း၊ ဒရုန်း ၃ စင်းဖြင့် ဓမ္မသတ်ကျေးရွာအနီးကို ဗုံးများ ကျဲချနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျိုက်မရောမှာ ဗုံးကျဲနေတာ ။ မော်လမြိုင်က အိမ်တွေပါတုန်တယ်။ ပထမ ၃ ကြိမ်ကျဲတယ်။ လေယာဉ်နဲ့ လာကျဲတာ။ မော်လမြိုင် မြို့ပေါ်ကနေပါ ကြားနေရတယ်။ မော်လမြိုင် မြို့ပေါ်မှာ ပြည်သူတွေ လန့်ကုန်ကြတယ်။

ဗုံးကြဲနေတာ တိုက်လေယာဉ် နှစ်စီး ၊ စစ်ဘက်ဆိုင်ရာ ဒရုန်း ၃ စီးလည်း ပျံနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် တော်လှန်ရေးတပ်များကလည်း အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ဒရုန်းများဖြင့် တန်ပြန်တိုက်ခိုက်မှုများရှိနေပြီး အဆိုပါ တိုက်ခိုက်မှုများကို အခြေအနေအေးဆေး တည်ငြိမ်မှ သတင်းထုတ်ပြန်မည်ဟု သက်ဆိုင်ရာ တော်လှန်ရေးတပ်သားတချို့က ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ တိုက်လေယာဉ် တစ်စီးကို ညပိုင်း တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article