25 C
Yangon

“မဲဆောက်လေဆိပ်မှာ ဘာတွေဖြစ်ခဲ့တာလဲ။ ပြည်သူတွေက အစိုးရနဲ့ စစ်တပ်ဆီကနေ အဖြေစောင့်နေပါတယ်” ဟု ထိုင်းအတိုက်အခံခေါင်းဆောင် လွှတ်တော်အမတ် ပီတ မေးခွန်းထုတ်

Must read

“မဲဆောက်လေဆိပ်မှာ ဘာတွေဖြစ်ခဲ့တာလဲ။ ပြည်သူတွေက အစိုးရနဲ့ စစ်တပ်ဆီကနေ အဖြေစောင့်နေပါတယ်” ဟု ထိုင်းအတိုက်အခံခေါင်းဆောင် လွှတ်တော်အမတ် ပီတ မေးခွန်းထုတ်

ရန်ကုန်၊ ဧပြီ ၈

ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ အများဆုံး အနိုင်ရရှိထားသော Move Forward ပါတီ ခေါင်းဆောင် လွှတ်တော်အမတ် ပီတက မဲဆောက်လေဆိပ်တွင် စစ်ကောင်စီ လေယာဉ် ယမန်နေ့ညပိုင်း ဆင်းသက်ခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး မဲဆောက်လေဆိပ်တွင် ဘာတွေ ဖြစ်ခဲ့သလဲဟု ထိုင်းအစိုးရနှင့် စစ်တပ်ကို မေးခွန်းထုတ်လိုက်သည်။

ယမန်နေ့ ဧပြီလ ၇ ရက်နေ့ ညပိုင်း ရန်ကုန်မှ မဲဆောက်သို့ အသွားအပြန် စစ်ကောင်စီ​ လေယာဉ်တစ်စင်း လာရောက်ဆင်းသက်ခဲ့ကြောင်း၊ ထိုသို့ လေယာဉ်ဆင်းသက်မှုတွင် မည်သည့်အတွက် ကြောင့် ဆင်းသက်သနည်းဟု ပီတက မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

“မဲဆောက်လေဆိပ်မှာ ဘာတွေဖြစ်ခဲ့တာလဲ။ ပြည်သူတွေက အစိုးရနဲ့ စစ်တပ်ဆီကနေ အဖြေစောင့်နေပါတယ်။ စစ်ဘေးဒုက္ခသည်ကူညီဖို့ဆိုတာက လူသားချင်းစာနာထောက်ထားမှု စည်းမျဉ်းစည်းကမ်းတွေအပေါ်မှာ အခြေခံရပါ့မယ်။ ဒါက အုပ်စုတစ်ခုရဲ့ အကျိုးစီးပွားအတွက် မဖြစ်ရပါဘူး။ လက်နက်တွေနဲ့ ဥစ္စာပစ္စည်းတွေ ပို့ဆောင်က မြန်မာစစ်တပ်ကို ကူညီတာလို့ အဓိပ္ပာယ်ဖွင့်ဆိုလို့ရပါတယ်။ ထိုင်းအစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရပါ့မယ်” ဟု ပီတက လူမှုကွန်ရက်မှတစ်ဆင့် မေးခွန်းထုတ် ထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လေယာဉ်ကို မဲဆောက်လေဆိပ်တွင် ဆင်းသက်ခွင့်ပြုလိုက်ခြင်းသည် လက်ရှိတွင် ထိုင်းနိုင်ငံမှ ပြည်သူများအကြား ထိုင်းအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်မှုများ မြင့်တက်နေပြီး နိုင်ငံရေးအသိုင်းအ၀ိုင်းတွင်လည်း အတိုက်အခံများက ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ဝေဖန်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article