25 C
Yangon

တနင်္သာရီမြို့နယ် အခြေစိုက် စစ်တပ်၏ ခမရ ၅၅၇ နှင့် ခမရ ၅၆၁ တပ်ရင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဧပြီ ၉

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၅၇ နှင့် ခမရ ၅၆၁ တပ်ရင်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၇ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၅၇ တပ်ရင်းကို ဒရုန်းဖြင့် သုံးကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ဧပြီလ ၈ ရက်နေ့ ညပိုင်းတွင်လည်း ခမရ ၅၅၇ တပ်ရင်းကို တစ်ကြိမ်၊ ခမရ ၅၆၁ တပ်ရင်းကို နှစ်ကြိမ် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“၇ ရက်နေ့ညနဲ့ ၈ ရက်နေ့ညတွေပါ။ အကြမ်းဖက် စစ်တပ် ဘက်က ဒဏ်ရာရတာတော့ရှိတယ်။ သေတာတော့ မကြားရသေးဘူး စုံစမ်းဆဲပါ”ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ မှတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ ၏ ADF ဒရုန်းအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အခြေစိုက် စစ်တပ် #ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article