26 C
Yangon

NUCC က ဦးဆောင် ကျင်းပသည့် ပြည်သူ့ညီလာခံ ၅ ရက်မြောက်နေ့သို့ CRPH နှင့် NUG က ဆက်လက်မတက်ရောက်တော့ဟုဆို

Must read

ရန်ကုန် | ဧပြီ ၉

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ဦးဆောင်ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံရဲ့ ပဉ္စမမြောက်နေ့အစီအစဉ်ကို NUG နဲ့ CRPH က ဆက်လက်မတက်ရောက်တော့ဘူး သိရပါတယ်။

CRPH အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့အနေနဲ့ ဒုတိယအကြိမ်ပြည်သူ့ညီညာခံရဲ့ မူလ ၃ရက်နဲ့ ထပ်တိုး ၁ ရက်ကို အပြည့်အဝပူးပေါင်းပါဝင်တက်ရောက်ခဲ့ပြီး အခု ၅ရက်မြောက်နေ့အစီအစဉ်ကိုတော့ မတက်ရောက်တော့ဘူးလို့ CRPH ရဲ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

အခုလိုမတက်ရောက်ရတာဟာ ညီလာခံမှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း ၂ပါ ပြဌာန်းချက်တွေထက် ကျော်လွန်ပြီး ဆွေးနွေးဆုံးဖြတ်အတည်ပြုဖို့ လုပ်ဆောင်လာတာအပြင် ကြိုတင်ဖြန့်ဝေထားတဲ့ အစီအစဉ်တွေထက် ကျော်လွန်ပြီး လုပ်ဆောင်လာတာကြောင့်လို့ ဆိုပါတယ်။

ဒါ့အပြင် ညီလာခံရဲ့အစီအစဉ်တခုမှာ သဘာပတိက မှတ်တမ်းတင်ဖို့ဆုံးဖြတ်ခဲ့တဲ့ အကြောင်းအရာကို နောက်အစီအစဉ်တခုမှာ ပြန်လည်ပြင်ဆင်ဆုံးဖြတ်အတည်ပြုဖို့ လုပ်ဆောင်လာလို့လည်း CRPH က ညီလာခံမတက်ရောက်တော့တာလို့ ဆိုပါတယ်။

ဒါ့အပြင် မူလအစီအစဉ်မှာ မပါဝင်ဘဲထပ်မံတင်သွင်းတဲ့အဆိုပြုချက်တွေက သက်ဆိုင်ရာ အစုအဖွဲ့တွေမှာ အကြေအလည်ဆွေးနွေးပြီး သဘောထားရယူရမယ့် အရာတွေ ဖြစ်နေတာကြောင့်လို့လည်း CRPH က ညီလာခံဆက်မတက်ရောက်ရတဲ့ အကြောင်းပြချက်တွေမှာဖော်ပြထားပါတယ်။

ညီလာခံမတက်ရောက်တော့တာကို အကြောင်းကြားတဲ့စာရဲ့ နောက်ဆုံးအချက်မှာ တချို့ညီလာခံကိုယ်စားလှယ်တွေ ညီလာခံကချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာဖို့ပျက်ကွက်တယ်လို့လည်း CRPH က ဆိုထားပါတယ်။

ဒုတိယအကြိမ်ပြည်သူ့ညီလာခံ ပဉ္စမနေ့အစည်းအဝေးကို CRPH အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပါ ဆက်လက်မတက်ရောက်တော့ဘူးလို့လည်း သိရှိရပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပြည်သူ့ညီလာခံ #CRPH နှင့် NUG

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article