25 C
Yangon

ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၁၆ ရွာကျော်ကို ကြေးနီစီမံကိန်းအတွင်း တပ်စွဲထားသော စစ်သားများက စစ်ကြောင်းထိုးနေ၍ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဧပြီ ၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၁၆ ရွာကျော်ကို ကြေးနီစီမံကိန်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်သားများက စစ်ကြောင်းထိုးနေ၍ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဝမ်ပေါင် ကုမ္မဏီနှင့် ယန်စီ ကုမ္မဏီရှိ ဆဲလ်လိုင်းများနှင့် သောင်ပြိုကမ်းပြိုမှုများကို ပြန်လည်ပြုပြင် နေသူများကို လုံခြုံရေးယူပေးနေသော အကြမ်းဖက် စစ်သားများက ကျေးရွာများကို စစ်ကြောင်းထိုးနေသည့်အတွက် ညောင်ပင်ကြီး၊ ထန်းတော၊ နှင်းတော၊အောင်ချမ်းစည်၊ ကျော်ရွာ၊ တောင်ပုလူ၊ သာယာကုန်း၊ အေးကုန်း၊ ကံကုန်း၊ ဒုန်းတော၊ ဂုဏ်တော၊ ရွာသာ၊ ကျေးစာကျ၊ ပေကုန်း၊ထန်းတောကြီး၊ ဘိန်းနွယ်ချောင် စသည့် ကျေးရွာများမှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း သိရှိရသည်။

“စစ်ရှောင်တွေ ထွက်ပြေးနေရတဲ့ရွာက ၁၆ ရွာလောက်ရှိတယ်။ နေပူတာနဲ့ ဆိုရင် သွားလာနေတဲ့သူတွေ အတွက် နေထိုင်ရေး၊ စားရေးသောက်ရေး၊ ဆေးဝါးများကလည်း အခက်အခဲရှိနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မွှေနှောက် ဖျက်ဆီးပြီး ပစ္စည်းများကို စိတ်ကြိုက်ခိုးယူကာ စားသောက်မှုများ လုပ်ဆောင်နေကြောင်း၊ ထန်းတောကြီးရွာတွင် တပ်စွဲထားသော စစ်သားများက ထွက်ပြေး တိမ်းရှောင်နေသည့် ပြည်သူများ ၂ ရက်အတွင်း နေအိမ်ကို ပြန်လာနေထိုင်ကျရန်နှင့် ပြန်လာခြင်းမရှိပါက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုမှုများရှိကြောင်း သိရသည်။

(မျက်မှောက်ခေတ်သည် သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article