29 C
Yangon

အာဆီယံ-နယူးဇီလန် အစည်းအဝေးတွင် စစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ကြားထားမှု ပြန်လည်ရုတ်သိမ်းပေးရန် နယူးဇီလန်လွှတ်တော်ရှေ့တွင် ဆန္ဒပြ

Must read

အာဆီယံ-နယူးဇီလန် အစည်းအဝေးတွင် စစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ကြားထားမှု ပြန်လည်ရုတ်သိမ်းပေးရန် နယူးဇီလန်လွှတ်တော်ရှေ့တွင် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၉

နယူးဇီလန်နိုင်ငံတွင် လာမည့် ဧပြီ ၁၈နှင့် ၁၉ ရက်နေ့ ကျင်းပမည့် အာဆီယံ-နယူးဇီလန် အဆင့်မြင့်အရာရှိအစည်းအဝေးများသို့ တက်ရောက်ရန် မြန်မာစစ်ကောင်စီကို နယူးဇီလန်အစိုးရက ဖိတ်ကြားထားသည် ဟုသိရသည်။။

ထိုသို့ဖိတ်ကြားထားမှုကို ကန့်ကွက်ဆန္ဒပြသည့် လှုပ်ရှားမှုကို နယူးဇီလန်နိုင်ငံ ၀ယ်လင်တန်မြို့ လွှတ်တော်ရှေ့တွင် ပြုလုပ်ခဲ့ရာ၊ နယူးဇီလန်ရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြပြီး၊ ထိုသို့ စစ်ကောင်စီကို အစည်းအဝေး ဖိတ်ကြားထားမှုကို ကန့်ကွက်ဆန္ဒပြကြပြီး၊ စစ်ကောင်စီ ကိုယ်စားလှယ်များအား ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ရန် နယူးဇီလန်အစိုးရအား စုဝေးဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

အဆိုပါ အာဆီယံ-နယူးဇီလန် အစည်းအဝေးတွင် မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်များကို တက်ရောက်ခွင့်ပိတ်ပင်ပြီး၊ NUG အစိုးရကို တက်ရောက်ခွင့် ပေးရန်အတွက် မြန်မာနှင့် နိုင်ငံတကာမှ အရပ်ဘက်အဖွဲ့အစည်း ၄၃၈ ဖွဲ့ကလည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက နယူးဇီလန်အစိုးရကို အိတ်ဖွင့်ပေးစာ ပေးပို တောင်းဆိုခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article