25 C
Yangon

မော်လမြိုင်မြို့ရှိ ရတခ ဌာနချုပ်အတွင်း အသေခံဒရုန်း ၅ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု အကြမ်းဖက် စစ်ကောင်စီ၏ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေတို့အပါအဝင် အရာရှိအများအပြားဒဏ်ရာရရှိပြီး အရာရှိကြီးပိုင်းမှ ၃ ဦးသေဆုံး

Must read

မော်လမြိုင်မြို့ရှိ ရတခ ဌာနချုပ်အတွင်း အသေခံဒရုန်း ၅ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု အကြမ်းဖက် စစ်ကောင်စီ၏ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေတို့အပါအဝင် အရာရှိအများအပြားဒဏ်ရာရရှိပြီး အရာရှိကြီးပိုင်းမှ ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၉

မော်လမြိုင်မြို့ရှိ ရတခ ဌာနချုပ်အတွင်း အသေခံဒရုန်း ၅ စီးဖြင့် ဗုံးကျဲတိုက်ခိုက်မှု အကြမ်းဖက် စစ်ကောင်စီ၏ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေတို့အပါအဝင် အရာရှိအများအပြားဒဏ်ရာရရှိပြီး အရာရှိကြီးပိုင်းမှ ၃ ဦးသေဆုံးပြီး ၃၀ ကျော်ထိခိုက်ဒဏ်ရာ ရရှိ ထား ကြောင်း Alpha Bats Drone Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြား သည်။

ယနေ့ ဧပြီလ ၉ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ အချိန်ခန့်က မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်း စစ် ဌာနချုပ် – ရတခ တိုင်းရုံးအတွင်း အကြမ်းဖက်စစ်တပ် ဒုတိယခေါင်းဆောင် စိုးဝင်းဦးဆောင်ပြီး စစ် ဆင်ရေးအစည်းအဝေးပြုလုပ်နေသည့် အားကစားခန်းမကို ကာမီကာဇေ Fixed Wing Drone ၃ စီး ဖြင့်လည်းကောင်း၊ ရဟတ်ယာဉ် ၂ စီး ရပ်ထားသည့်နေရာကို ကာမီကာဇေ Fixed Wing Drone ၂ စီး ဖြင့်လည်းကောင်း ကျဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အစည်းအဝေးခန်းမအတွင်းရှိ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေ၊ စစ်ဦးစီး ပထမတန်းနှင့်အထက် စစ်ဗိုလ်ချုပ် ၄ ဦး အပါအဝင် အရာရှိ အရာခံ အကြပ် တပ်သား ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့ တိုက်ခိုက်မှုမှာ ဒဏ်ရာရစာရင်းထဲ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ဒုဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေတို့ ပါဝင်နိုင်တယ်၊ စိုးဝင်းကားနဲ့ အနောက်က လူနာတင်ယာဉ်တစ်စီး ပညာရေး တပ်နားက ကုတင် ၃၀၀ ရောက်နေတယ်။ ကွန်မန်ဒိုတွေလဲ ဆေးရုံမှာ အစောင့်ချထားတယ်။ ဒုချုပ်စိုးဝင်းရယ် ကစထ မှူး ညွန့်ဝင်းဆွေရယ် သူတို့ ၂ ဦးကို နေပြည်တော်က အဆက်အသွယ်ပြတ်တောက်နေလို့ ဗြောင်းဆန်နေ တယ်လို့ကြားတယ်” ဟု ” Alpha Bats Drone Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြား သည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေအပါအဝင် ဗိုလ်ချုပ်တစ်ဦး၊ ဗိုလ်မှူးချုပ်တစ်ဦးအပါအဝင် အရာရှိကြီးပိုင်းမှ ၆ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး ယနေ့ ညပိုင်းတွင် ၃ ဦးသေဆုံးသွားကြောင်း ၊ သေဆုံးသူမည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့၏ Alpha Bats တပ်ခွဲက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ရဟတ်ယာဥ်ကွင်း၌ ရပ်ထားသည့် ရဟတ်ယာဉ်၂ စီးအနက် တစ်စီး ပျက်စီးနိုင်ကြောင်း သိရသည်။

ယနေ့ တိုက်ခိုက်မှုသည် ဒုချုပ်စိုးဝင်း အနေဖြင့် ရတခ တွင် ရောက်ရှိနေပြီး မြဝတီ၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် စစ်ဆင်ရေးများကို အနီးကပ်ကွပ်ကဲနေကြောင်း သိရသဖြင့် ရသမျှနည်းလမ်းများ အသုံးပြုတိုက်ခိုက်နေခြင်းဖြစ်ကြောင်း Alpha Bats Drone Force က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article