29 C
Yangon

မြ၀တီမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေသော်လည်း ထိုင်း-မြန်မာ ချိတ် ဆက်ထားသော အမှတ် ၁ ချစ်ကြည်ရေးတံတား ဆက်လက်ဖွင့်ထားပြီး မြန်မာဘက်မှ ထိုင်းဘက်အခြမ်းသို့ ကူးလာသူများပြား

Must read

မြ၀တီမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေသော်လည်း ထိုင်း-မြန်မာ ချိတ် ဆက်ထားသော အမှတ် ၁ ချစ်ကြည်ရေးတံတား ဆက်လက်ဖွင့်ထားပြီး မြန်မာဘက်မှ ထိုင်းဘက်အခြမ်းသို့ ကူးလာသူများပြား

ရန်ကုန်၊ ဧပြီ ၁၀

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေသော်လည်း ထိုင်း-မြန်မာ ချိတ်ဆက်ထားသော အမှတ် ၁ ချစ်ကြည်ရေးတံတား ဆက်လက်ဖွင်ထားပြီး မဲဆောက်-မြ၀တီ ကူးသန်းသူများ ပုံမှန် သွားလာနေဆဲဖြစ်ကာ မြန်မာဘက်မှ ထိုင်းဘက်အခြမ်းသို့ ကူးလာသူများပြားကြောင်း မဲဆောက်အခြေစိုက် ရန်ကုန်ခေတ်သစ်သတင်းထောက်က ပြောဆိုသည်။

“မြ၀တီဘက်အခြမ်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပေမယ့် မနေ့ညနေရော၊ ဒီနေ့ မနက်ပါ တံတားကို ဆက်လက် ဖွင့်ထားတယ်။ ထိုင်းစံတော်ချိန် နံနက် ၆ နာရီ ၃၀ မှာ တံတားဖွင့်ပါတယ်။ မြန်မာဘက်ကနေ ကူးသူများပါတယ်။ မဲဆောက်ဘက်ကနေ မြ၀တီဘက်ကို ပြန်တဲ့ကားတွေလည်းရှိတယ်” ဟု ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် ရန်ကုန်ခေတ်သစ်၏ သတင်းထောက်က ပြောဆိုသည်။

လက်ရှိ အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပတ်ဝန်းကျင် ထိုင်းဘက်အခြမ်းတွင် ထိုင်းစစ်တပ်နှင့် စစ်ကားများ လုံခြုံရေး အထူးတိုးမြှင့်ချထားပြီး မြန်မာဘက်အခြမ်းတွင်မူ BGF တပ်များက လုံခြုံရေး ယူထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း အမှတ် ၁ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတား မြင် ကွင်းများ။

Photo By Thai PBS North နှင့် ရန်ကုန်ခေတ်သစ် သတင်းထောက်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article