29 C
Yangon

မြ၀တီမြို့နယ်တွင် ညလုံးပေါက် တိုက်ပွဲများဖြစ်ပွားနေ၍ ထိုင်းစစ်တပ်က ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် ညလုံးပေါက် ၂၄ နာရီ ကင်းလှည့်နေ

Must read

မြ၀တီမြို့နယ်တွင် ညလုံးပေါက် တိုက်ပွဲများဖြစ်ပွားနေ၍ ထိုင်းစစ်တပ်က ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် ညလုံးပေါက် ၂၄ နာရီ ကင်းလှည့်နေ

ရန်ကုန်၊ ဧပြီ ၁၀

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ညလုံးပေါက် တိုက်ပွဲများဖြစ်ပွားနေ၍ ထိုင်းစစ်တပ်ကလည်း ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် ညလုံးပေါက် ၂၄ နာရီ ကင်းလှည့်နေကြောင်း ထိုင်းသတင်းမီဒီယာများက သတင်းဖော်ပြသည်။

မြ၀တီမြို့ရှိ စစ်ကောင်စီတပ်၏ နောက်ဆုံး ခံတပ်ဖြစ်သော ခလရ ၂၇၅ ကို KNLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်များအပါအဝင် တော်လှန်ရေးတပ်များက တိုက်ခိုက်နေသဖြင့် ညလုံးပေါက် တိုက်ပွဲများပြင်းထန်ပြီး မြန်မာဘက်အခြမ်းတွင် မီးများလောင်ကျွမ်းနေသည်ကို မြင်ရကြောင်း၊ မြန်မာဘက်အခြမ်းမှ တိုက်ပွဲများကြောင့် ထွက်ပေါ်နေသော ပေါက်ကွဲသံများ၊ ပစ်ခတ်သံများကို မဲဆောက်နှင့် ထိုင်းဘက်အခြမ်းမှ ကြားနေရကြောင်း ထိုင်းမီဒီယာများက ဆိုသည်။

ခလရ ၂၇၅ တွင် စစ်အင်အား ၅၀၀ နီးပါး ကျန်ရှိနေပြီး များမကြာမီ တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်မည်ဟု မျှော်လင့်ရကြောင်း ထိုင်းမီဒီယာများ၏ သတင်းများတွင် ဖော်ပြကြသည်။

ထိုင်းစစ်တပ်နှင့် ထိုင်းရဲတပ်ဖွဲ့က ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် စစ်ကားများ၊ ယာဉ်တန်းများဖြင့် ညလုံးပေါက် ကင်းလှည့်နေကြောင်း၊ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထိခိုက်မှုနှင့် ကျည်ကျရောက် မှုမရှိကြောင်း သိရှိရသည်။

လက်ရှိတွင် မြန်မာဘက်မှ တိုက်ပွဲများကြောင့် မဲဆောက်ဘက်အခြမ်းသို့ ထွက်ပြေးလာသူများ များပြားနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ထိုင်း-မြန်မာနယ်စပ်တွင် ညလုံးပေါက် ကင်းလှည့်နေသော ထိုင်းစစ်တပ်နှင့်ရဲတပ်ဖွဲ့များ။

Ref: Amarin News ၊ The Reporters ၊ เอก เกียรติศักดิ์ แม่สอด..

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article