ပုလဲမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က လေကြောင်းအန္တရာယ် ကာကွယ်ရေးစာစောင်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး စတစ်ကာများ ဖြန့်ဝေ
ရန်ကုန်၊ဧပြီ ၁၀
ပုလဲမြို့နယ်တွင် ပုလဲမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ပြည်သူလူထုကို လေကြောင်းအန္တရာယ်ကာကွယ်ရေး သတိပေးစာစောင်များနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်စတစ်ကာများကို ဧပြီလ ၁၀ ရက်နေ့တွင် ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။