28 C
Yangon

မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ မှ စစ်သားများ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ရောက်ရှိနေပြီး ထိုင်းထံတွင် ခိုလှုံခွင့်တောင်းနေ

Must read

ရန်ကုန်၊ ဧပြီ ၁၁

မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ်မှ စခန်းစွန့်ခွာ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ရောက်ရှိနေကြပြီး ထိုင်းဘက်အခြမ်းတွင် ခိုလှုံခွင့်ရရှိရေး ညှိနှိုင်းနေကြ ကြောင်း မဲဆောက်အခြေစိုက် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ သတင်း ထောက်က ပြောဆိုသည်။

“ခလရ ၂၇၅ တပ်ဖွဲ့ဝင်တွေ သေနတ်တွေနဲ့ အမှတ် ၂ တံတားမှာ ခိုလှုံခွင့်ရဖို့ ရောက်နေကြပြီ။ အဲဒါ သေနတ်တွေ ပါလာတော့ ထိုင်းဘက်က အခု ခိုလှုံခွင့် ပေး၊ မပေး ညှိနေကြပြီ။ သတင်းထောက်တွေ အကုန်တော့ အမှတ် ၂ တံတားကို ပြေးနေကြပြီ” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မဲဆောက်အခြေစိုက် သတင်းထောက်က ပြောဆိုသည်။

လက်ရှိတွင် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ထိုင်းစစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကားများ ဖြန့်ကျက်ချထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြ၀တီမြို့စောင့်တပ် #ခလရ ၂၇၅ #ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတား #ထိုင်းထံတွင် ခိုလှုံခွင့်တောင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article