26 C
Yangon

ထိုင်းနိုင်ငံဘက်သို့ ခိုလှုံခွင့်မရှိရသေးသဖြင့် အမှတ် ၂ ချစ်ကြည်ရေးတံတားဂိတ်ဝင်းအတွင်းတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်က ကတုတ်ကျင်းများတူးပြီး ခုခံစစ်ပြင်ဆင်

Must read

ထိုင်းနိုင်ငံဘက်သို့ ခိုလှုံခွင့်မရှိရသေးသဖြင့် အမှတ် ၂ ချစ်ကြည်ရေးတံတားဂိတ်ဝင်းအတွင်းတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်က ကတုတ်ကျင်းများတူးပြီး ခုခံစစ်ပြင်ဆင်

ရန်ကုန်၊ ဧပြီ ၁၁

ကရင်ပြည်နယ်၊ မြ၀တီမြို့ ခလရ ၂၇၅ တပ်ရင်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများသည် ထိုင်းနိုင်ငံဘက်သို့ ခိုလှုံခွင့်မရှိရသေးသဖြင့် အမှတ် ၂ ချစ်ကြည်ရေးတံတားဂိတ်ဝင်းအတွင်းတွင် ကတုတ်ကျင်းများတူးပြီး ခံစစ်ပြင်ဆင်နေကြောင်း ထိုင်းသတင်းမီဒီယာ The Reporters က သတင်းဖော်ပြသည်။

ထွက်ပြေးလာသော စစ်သားများက ထိုင်းနိုင်ငံဘက်အခြမ်းတွင် ခိုလှုံခွင့်ရရှိရန် စောင့်ဆိုင်းနေခဲ့သော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမရှိသဖြင့် ခုံတန်းရှည်များကို အကာအကွယ်အဖြစ် ချထားခြင်း၊ ကတုတ်ကျင်းများတူးခြင်း၊ ဘန်ကာများ တည်ဆောက်ခြင်းများကို မြင်ရကြောင်း၊ မြန်မာစစ်ကောင်စီဘက်မှ ဒဏ်ရာရစစ်သား ၈ ဦးကို ထိုင်းစစ်တပ်က မဲဆောက်ဘက်အခြမ်းတွင် ဆေးရုံတင်ပြီး ဆေးဝါးကုသမှု ပေးခဲ့ကြောင်း The Reporters သတင်းက ဆိုသည်။

စစ်ကောင်စီတပ်သားများမှာ အမှတ် ၂ ချစ်ကြည်ရေးတံတားဂိတ်ဝင်းအတွင်း ရှိနေစဉ် တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်၍ ခံစစ်ပြင်နေခြင်းဖြစ်ကြောင်း၊ စစ်သားများမှာ လက်နက်များ ကိုင်ဆောင်ထားဆဲဖြစ်ကြောင်း ထိုင်းသတင်းက ဆက်လက်ရေးသားထားသည်။

လက်ရှိတွင် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကို ထိုင်းဘက်က ပိတ်ထားလိုက်ပြီး ချစ်ကြည်ရေးတံတားဂိတ်တွင် လုံခြုံရေးများကို ထိုင်းစစ်တပ်က ထပ်မံတိုးမြှင့်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- အမှတ် ၂ ချစ်ကြည်ရေးတံတားဂိတ်ဝင်းအတွင်း ကတုတ်ကျင်းများတူးပြီး ခုံတန်းရှည်များကို အကာအကွယ်လုပ်နေကြသည့် စစ်ကောင်စီတပ်သားများ။

Photo – The Reporters။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article