38 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၁၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖြုတ်ချဖို့ ရင်ဖွင့်ကြံစည်ခဲ့တဲ့ လယ်/ဆည် ဝန်ကြီးဟောင်း မြင့်လှိုင်ကို ဝန်ကြီးဖြစ်စဉ်က လယ်မြေသိမ်းမှုတွေနဲ့ နောက်ကြောင်းပြန် အမှုဖွင့်လိုက်ပြီး နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကိုပါ ချိတ်ပိတ်လိုက်တယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
  • ကရင်ပြည်နယ်၊ မြ၀တီမြို့ ခလရ ၂၇၅ တပ်ရင်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ထိုင်းနိုင်ငံဘက်ကို ခိုလှုံခွင့်မရှိရသေးတဲ့အတွက် အမှတ် ၂ ချစ်ကြည်ရေးတံတားဂိတ်ဝင်းအတွင်းမှာ ကတုတ်ကျင်းတွေ တူးပြီး ခံစစ်ပြင်ဆင်နေတယ်လို့ ထိုင်းသတင်းမီဒီယာ The Reporters မှာ ဖော်ပြထား ပါတယ်။
  • မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်သားအားလုံး လက်နက်ချ အညံ့ခံပြီး သေနတ် ၁၀ လက်သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article