28 C
Yangon

ထိုင်း-မြန်မာနယ်စပ်သို့ ထိုင်းဒုဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး ယနေ့ လာရောက်မည်

Must read

ရန်ကုန်၊ ဧပြီ ၁၂

ကရင်ပြည်နယ်၊ မြ၀တီမြို့ကို KNU ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထိုင်း-မြန်မာနယ်စပ်သို့ ထိုင်းဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ယနေ့ လာရောက်ရန် ရှိနေကြောင်း မဲဆောက်အခြေစိုက် ရန်ကုန်ခေတ်သစ်၏ သတင်းထောက်က ပြောဆိုသည်။

ထိုင်းဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara သည် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၁ နှင့် အမှတ် ၂ ကိုလည်းကောင်း လာရောက် ကြည့်ရှုစစ်ဆေးမည်ဖြစ်ပြီး သတင်းမီဒီယာများနှင့် လည်းတွေ့ဆုံ၍ သတင်းစာရှင်းလင်းပွဲ လုပ်ရန် ရှိနေကြောင်း သိရှိရသည်။

လတ်တလော ထိုင်းနိုင်ငံက မြန်မာနိုင်ငံဘက်မှ စစ်ဘေးရှောင် ပြည်သူ ၁ သိန်းကို လက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားရာ စစ်ဘေးရှောင် ပြည်သူများကို ထားရှိရန်အတွက် ပြင်ဆင်မှု တချို့ကိုလည်း စတင် ဆောင်ရွက်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article