25 C
Yangon

ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှု ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦး သေဆုံး

Must read

ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှု ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၂

ကရင်နီပြည်နှင့်ရှမ်းပြည်နယ်တောင်ပိုင်း အစပ်၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများကျဲချရာ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ကရင်နီလူ့အခွင့်အရေးလှုပ်ရှားသော သတင်းရင်းမြစ်များထံမှ သရှိရသည်။

ယမန်နေ့ဧပြီလ ၁၁ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်တွင် ဖယ်ခုံမြို့နယ် တစ်နေရာတွင် စစ်ကောင်စီက တိုက် လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချခဲ့ရာ အရပ်သားပြည်သူများ သေဆုံးပြီး ထိခိုက် ဒဏ်ရာရသူများ ရှိခဲ့ကြောင်း၊ လူနေအိမ်များလည်း ပျက်စီးသွားကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပစ်ခတ်၍ ထိခိုက်သေဆုံးသူများမှာ အသက် ၃ နှစ်အရွယ်ကလေးငယ်၊ အသက် ၁၂ နှစ်အရွယ် ကလေးငယ်နှင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးစုစုပေါင်း ၃ ဦးသေဆုံးခြင်းဖြစ် ကြောင်း၊ ကလေးငယ်များ အပါအဝင်ပြည်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်နီပြည်ထဲတွင် မကြာခဏဆိုသလို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ဆောင်ရွက်နေကြောင်း၊ ကရင်နီပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ဆုံးရှုံးသွား၍ လေကြောင်းတိုက်ခိုက်မှု ကိုသာ စစ်တပ်က အဓိက ဆောင်ရွက်နိုင်တော့ကြောင်း သိရှိသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article