25 C
Yangon

စလင်းမြို့နယ်ရှိ လင်းဇင်း ရဲစန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု နယ်ထိန်း ရဲ ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူများပြား

Must read

စလင်းမြို့နယ်ရှိ လင်းဇင်း ရဲစန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု နယ်ထိန်း ရဲ ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူများပြား

ရန်ကုန်၊ ဧပြီ ၁၂

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ လင်းဇင်းတိုက်နယ် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု နယ်ထိန်း ရဲ ၁ ဦး အပါအဝင် ထိခိုက် သေဆုံးသူများပြားကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်းတပ်များက လင်းဇင်းရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ လင်းဇင်းရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၃၀ ကျော်ကြာ ပစ်ခတ်တိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း နယ်ထိန်း ရဲ ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူများပြားကြောင်း၊ တော်လှန်ရေး ရဲဘော်များ လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် စခန်းသိမ်းနိုင်ခဲ့ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

“နယ်ထိန်း ၁ ကောင် အပါအဝင် ထိခိုက်ကျဆုံးများတယ်ဆိုတာပဲသိရပြီး စစ်ကောင်စီရဲ့ အင်အားဖြည့်တင်းမှုနဲ့ ပြည်သူတွေ ရှောင်တိမ်းနေရမှုကြောင့် နောက်ဆက်တွဲ သတင်းတော့ ထပ်မသိရသေးဘူး” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ ဒေါင်းစစ်အောင် Local PDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article