25 C
Yangon

မြ၀တီအမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ စစ်ဆင်ရေးအဖွဲ့ တို့အကြား အဆက်အသွယ် ရရှိသွားပြီး ချိတ်ဆက် အမိန့်ပေး ညွှန်ကြားမှုရှိနေ

Must read

မြ၀တီအမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ စစ်ဆင်ရေးအဖွဲ့ တို့အကြား အဆက်အသွယ် ရရှိသွားပြီး ချိတ်ဆက် အမိန့်ပေး ညွှန်ကြားမှုရှိနေ

ရန်ကုန်၊ ဧပြီ ၁၂

ကရင်ပြည်နယ်၊ မြ၀တီမြို့၊ ခလရ ၂၇၅ တပ်ကို စွန့်ခွာသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ စစ်ဆင်ရေးအဖွဲ့ (အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ) တို့အကြား အဆက်အသွယ် ချိတ်ဆက်ရရှိထားပြီး ရတခကလည်း အမိန့်ပေး ညွှန်ကြားမှုနှင့် အားပေးမှုများ လုပ်ဆောင်ပေးနေကြောင်း ရတခစစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“အမှတ် ၂ တံတားမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ဆင်ရေးအဖွဲ့တွေအကြားမှာ အဆက်အသွယ်ရရှိထားပါတယ်။ လို အပ် တာတွေကိုလည်း အမိန့်ညွှန်ကြားမှုရှိတယ်။ အားပေးမှုတွေလည်းရှိနေပါတယ်။ လိုအပ်တဲ့ ရိက္ခာတချို့ကိုလည်း စစ်ဆင်ရေးအဖွဲ့ဘက်ကနေ စီမံပေးနိုင်ခဲ့တယ်” ဟု ရတခ စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းများက မြ၀တီမြို့အနီးသို့ ချည်းကပ်လာနေရာ စစ်ကူစစ် ကြောင်းများ ရောက်ရှိလာမည့်အချိန်အထိ အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စောင့်ဆိုင်းနေသည့်သဘောဟုဆိုရမည်ဖြစ်ကြောင်း၊ တံတားဂိတ်ဝင်းအတွင်းတွင် ကတုတ်ကျင်းများ တူးခြင်း၊ ခုံတန်းရှည်များဖြင့် ကာရန်ခြင်း အပါအဝင် ခုခံစစ်ပြင်ဆင်ခြင်းများကို ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်သားများက ပြင်ဆင်ခဲ့ကြသည်။

ယနေ့ ညနေပိုင်းတွင် အမှတ် ၂ ချစ်ကြည်ရေး တံတား ဝင်းအတွင်း တော်လှန် ရေးတပ်ဖွဲ့များဘက်က ဒရုန်းဖြင့် ဗုံးကျဲချမှု ရှိသကဲ့သို့ စစ်ကောင်စီတပ်ဘက်ကလည်း မြ၀တီမြို့အပြင်ဘက်သို့ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုများရှိကြောင်း သိရှိရသည်။

“ညနေ ၅ နာရီကျော်လောက်မှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးလာကျဲတယ်။ ညနေ ၆ နာရီကျော်မှာ တော်လှန် ရေး တပ်ဘက်ကနေ အမှတ် ၂ တံတားဝင်းထဲကို ဗုံးကျဲချတာရှိတယ်။ အမှတ် ၂ တံတားဝင်းထဲမှာ အသေ အပျောက် အထိအခိုက် အခြေအနေတော့ မသိရသေးဘူး” ဟု မြ၀တီအခြေစိုက် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- မြ၀တီ၊ အမှတ် ၂ ချစ်ကြည်ရေးတံတားဝင်းအတွင်းမှ ထွက်ပြေး လွတ်မြောက်နေကြသည့် ခလရ ၂၇၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြ၀တီအမှတ် ၂ ချစ်ကြည်ရေးတံတား #စစ်ကောင်စီ၏ စစ်ဆင်ရေးအဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article