36 C
Yangon

စစ်ကိုင်းမြို့နယ်၊ မင်းကွန်း နယ်မြေရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေပြီး တပ်မ ၃၃ မှ အင်အား အများအပြားဖြင့် စစ်ကူများ စေလွှတ်နေ

Must read

စစ်ကိုင်းမြို့နယ်၊ မင်းကွန်း နယ်မြေရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေပြီး တပ်မ ၃၃ မှ အင်အား အများအပြားဖြင့် စစ်ကူများ စေလွှတ်နေ

ရန်ကုန်၊ ဧပြီ ၁၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်း နယ်မြေရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေပြီး အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ မှ အင်အား အများအပြားဖြင့် စစ်ကူများ စေလွှတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၂ ရက်နေ့ နံနက်ပိုင်းက စတင်ကာ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းမြို့ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေကြောင်း၊ အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ မှ အင်အား အများအပြားဖြင့် စစ်ကူများ စေလွှတ်နေပြီး ထိတွေ့ တိုက်ပွဲများ ထပ်မံဖြစ်ပွားနေကြောင် သိရသည်။

လက်ရှိချိန်တွင် မင်းကွန်းရွာ အနီးအနားရှိ ကျေးရွာများမှ ပြည်သူများလည်း ဘေးလွတ်ရာထွက်ပြေးနေရပြီး ထိတွေ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာများကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက် ပြောဆိုနေကြောင်း သိရှိရသည်။

“တပ်မ ၃၃ က စစ်ကူတွေတော့ အင်အားများတယ်။ ပြည်သူတွေတော့ ရှောင်နေရတယ်။ နံနက် ၁၀ နာရီလောက်က တိုက်ပွဲစဖြစ်တာ ထိခိုက်မှုကတော့ နှစ်ဘက်လုံးရှိတယ်။ ပြည်သူတွေ လည်း ပိတ်မိနေတယ်။ ကျွန်တော်တို့လည်း ပြေးနေရတယ်။ စစ်ကိုင်းမြို့နယ်ထဲက မင်းကွန်းရွာ နယ်မြေ ရဲစခန်းကို တိုက်တာ အဲစခန်းမှာ ရဲခွေးတွေပဲရှိတာ ကျွန်တော်တို့ စိုးရိမ်တာက မနက်ဖြန် အကြိုနေ့စရင် ကျန်တဲ့မြို့ပေါ်တွေက မင်းကွန်းဘက်ကို ဘုရားဖူးတွေလာတာများတယ်။ အဲတာကြောင့် တိုက်ပွဲကြားထဲရောက်ပြီး ထိခိုက်ကျမှာကို စိုးရိမ်ရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မင်းကွန်း နယ်မြေရဲစခန်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article