25 C
Yangon

မြင်းခြံတွင် စစ်တပ်၏ ယာယီစခန်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး စစ်သားများက ဓားစာခံဖမ်းဆီးထားသည့် ပြည်သူ ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့

Must read

မြင်းခြံတွင် စစ်တပ်၏ ယာယီစခန်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး စစ်သားများက ဓားစာခံဖမ်းဆီးထားသည့် ပြည်သူ ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့

ရန်ကုန်၊ ဧပြီ ၁၄

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်သားများ ယာယီစခန်းချထားသည့် ဘုန်းကြီးကျောင်းကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ဓားစာခံဖမ်းဆီးခံရသည့် ပြည်သူ ၂ ဦးကို ကယ်ထုတ် နိုင်ခဲ့ကြောင်း Myingyan Black Tigrer – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၁၀ ရက်နေ့က မြင်းခြံမြို့နယ်၊ ကန်တောကျေးရွာနှင့် ရွာရှည်ရွာအကြားရှိ ဘုန်းကြီးကျောင်း၌ ယာယီစခန်းချထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်း အင်အား ၃၀ ခန့် ကို Myingyan Black Tiger (MBT) တပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တခြားဖမ်းဆီးမှုတွေရှိ၊ မရှိကတော့ မသိဘူး၊ ကန်တောရွာနဲ့ ရွာရှည်ရွာကြားမှာ ဘုန်းကြီးကျောင်း ရှိပါတယ်၊ အဲဒီဘုန်းကြီးကျောင်းမှာ ဒီကောင်ထိုင်နေတဲ့အချိန် ကျနော်တို့က လက်နက်ကြီးနဲ့ထုပြီး တော့ ဝင်ရောက်ပြီး ပစ်ခတ်ခဲ့တာပါ။ အဲလိုပစ်တဲ့အချိန်မှာ ဒီကောင်တွေထွက်ပြေးသွားတာ၊ ဓားစာ ခံပြည်သူ ၂ ဦးကိုလည်း ထားခဲ့တယ်။ အဲဒီအချိန်မှာ ဓားစာခံပြည်သူ ၂ ဦးကို ကယ်တင်နိုင်တာပါ။ ဒီ ကောင်တွေခုန်ပြေးတဲ့ ဘုန်းကြီးကျောင်း အုတ်တံတိုင်းနေရာတွေမှာလည်း သွေးစတွေ‌ တွေ့တယ်။ မနေ့က ဆေးကုနေရင်း ဒီကောင်တွေဘက်က ၃ ယောက်ကျသွားတယ်၊ တစ်ယောက်ကခြေထောက် မှာ ပတ်တီးကြီးနဲ့ ဒဏ်ရာရသွားတယ်လို့ သိရတဲ့အတွက် သတင်းထုတ်ပြန်လိုက်တာပါ” ဟု Myingyan Black Tigrer – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်စစ်သားများက ဓားစာခံဖမ်းဆီးလာခဲ့သည့် တောပုကျေးရွာမှ ပြည်သူ ၂ ဦးကို လည်း ကယ်ထုတ်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သားများ အသုံးပြုသော ၆၀ မမ တာဝေးပစ် ပို့ယမ်း ၅ ထုပ်ကိုလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ၊ ယင်းအကြမ်းဖက်စစ်ကြောင်းသည် တလုပ်မြို့နှင့် ဆင်ချောင်းရွာမှ အကြမ်းဖက်စစ်သား၊ ပျူစောထီး များ ပူးပေါင်းထားခြင်းဖြစ်ပြီး ယခုအခါ တလုပ်မြို့ဘက်သို့ ပြန်ဆုတ်သွားပြီဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်တပ်၏ ယာယီစခန်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article