25 C
Yangon

အရာတော် အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ကျောင်းသို့ သင်တန်းသားများ တင်ဆောင်လာသော စစ်ယာဉ်တန်းကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၂၀ ဦးသေဆုံး

Must read

အရာတော် အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ကျောင်းသို့ သင်တန်းသားများ တင်ဆောင်လာသော စစ်ယာဉ်တန်းကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၂၀ ဦးသေဆုံး

■ သင်တန်းသား စစ်သား ၄၅ ဦးအပါအဝင် ၄၈ ဦး ဖမ်းဆီးရရှိကာ ကား ၃ စီးပျက်စီးပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၁၄

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ကျောင်းသို့ သင်တန်းသားများ တင်ဆောင်လာသော စစ်ယာဉ်တန်းကို တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၂၀ ဦးသေဆုံးကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၂ ရက်နေ့ မုံရွာမြို့နယ်ရှိ အမှတ် ၉၂၉ ထောက်ပို့ရေးတပ်မှ အရာတော်မြို့နယ်ရှိ အမှတ် ၁၀ စစ်အခြေခံ လေ့ကျင့်ရေး သင်တန်းကျောင်းသို့ သင်တန်းသား အသစ် ၂၅၀ ဦး တင်ဆောင်လာသော စစ်ယာဉ်တန်းကို ကမ်းဖြူ ကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် သင်တန်း သား ၂၀ ခန့် သေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရကြောင်း သိရှိရသည်။

ထို့ပြင် စစ်ယာဉ်တန်းမှ ကား ၃ စီး ပျက်စီးပြီး ဒု-အရာခံဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၁ ဦး၊ အားကစားသိပ္ပံမှ ၁ ဦးနှင့် သင်တန်းသား အသစ် ၄၅ ဦးကိုလည်း ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုအနေဖြင့် လက်နက် ၇ လက်၊ ကျည်မျိုးစုံ ၅၅၀၀ ခန့်၊ ဗုံးသီး မျိုးစုံ ၈၀ ခန့်၊ RPG-7 ဒုံးသီး ၁၀ လုံး၊ မိုင်းမျိုးစုံ ၇၀ ခန့်၊ Jammer စက်အကြီး ၁ လုံး၊ ကျည်အိမ် ၇ ခု၊ Detonator ၅၀ ချောင်း၊ ကျည်ကာ ဦးထုပ် ၃ လုံး၊ စစ်ဖိနပ် ၂၀ ရံ၊ Equipment ၁ ခု၊ ကျောပိုးအိတ် ၁ လုံး၊ ဖိုင်တွဲ ၈၈ ဖိုင်တို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၆၊ ၁၉ ၊ ၂၄ ၊ မုံရွာခရိုင် ကွန်မန်ဒိုတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ပကဖ၊ မိတ္ထီလာခရိုင် တပ်ရင်း-၂၊ Danger Force LPDF၊ ကျားသစ်နက် LPDF နှင့် Special Revolution Force LPDF အဖွဲ့တို့မှ ပူးပေါင်းပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အရာတော် အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ကျောင်း #စစ်ယာဉ်တန်းကို တိုက်ခိုက်မှု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article