25 C
Yangon

အရာတော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဉ် ၄ စီးဖြင့် ပစ်ခတ်ဗုံးကျဲမှု တိုက်နယ်ဆေးရုံ ဆရာဝန် ၁ ဦးသေဆုံး

Must read

အရာတော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဉ် ၄ စီးဖြင့် ပစ်ခတ်ဗုံးကျဲမှု တိုက်နယ်ဆေးရုံ ဆရာဝန် ၁ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၄

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဉ် ၄ စီးဖြင့် ပစ်ခတ်ဗုံးကျဲရာ တိုက်နယ်ဆေးရုံ ဆရာဝန် ၁ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်အချိန် အရာတော်မြို့နယ်၊ တောင်ဘက်ခြမ်းရှိ မလဲသာရွာ၊ ကန်ရင်းရွာ ညောင်ပန်သာရွာ ၃ ရွာကို စစ်တပ်က ရဟတ်ယာဉ် ၄ စီးဖြင့် ပစ်ခတ်ဗုံးကျဲခဲ့ကြောင်း၊ အဓိက အားဖြင့် တိုက်နယ် ဆေးရုံကို အဓိကထား ဗုံးကျဲသဖြင့် ဆေးရုံမှ ဆရာဝန် ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က အရာတော်မြို့နယ်ရှိ ကျေးရွာများကို ရဟတ် ယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

“မလဲသာဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း တွေကို ရွေးပြီး ရဟတ် ယာဉ်နဲ့ ပစ်ခတ်ရခြင်းက ဧ​ပြီလ ၁၂ ရက်နေ့ ကမ်းဖြူတိုက်ပွဲမှာ စစ်သားတွေ သေဆုံးတာကြောင့်ပါ။ တိုက်ပွဲမှာ ဒဏ်ရာရ PDF တွေ ဆေးရုံနဲ့ ကျောင်းမှာ ဆေးကုသနေတယ်ထင်ပြီး လာရောက်ပစ်ခတ်သွားတာပါ။ ကန်ရင်းကျေးရွာက အိမ်တွေလည်း အပျက်အစီးများတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

ယင်းနောက် စစ်ကောင်စီ၏ Mi17 ထောက်ပို့ရဟတ်ယာဉ်ဖြင့်လည်း စစ်သားများကို အခေါက်ခေါက် အခါခါ ချထားပေးပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- Mi35 ရဟတ်ယာဉ်များပါဝင်သော စစ်ကောင်စီ၏ စစ်ရေးလေ့ကျင်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အရာတော်မြို့နယ် #တိုက်နယ်ဆေးရုံ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article