မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၃ ဦးသေဆုံးကာ ၁၀ ဦးကျော်ဒဏ်ရာရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးထူထပ်စွာ ချထားသည့်ကြားမှ ဗုံးပေါက်ကွဲခဲ့
ရန်ကုန်၊ ဧပြီ ၁၄
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်ဝန်ဗဟို မဟာသင်္ကြန်မဏ္ဍပ်အနီးတွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲရာ လူ ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိကြောင်း ရဲသတင်းရင်းမြစ်နှင့်ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ယနေ့ ဧပြီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် ချမ်းအေးသာစံမြို့နယ် ၇၁ နှင့် ၂၇လမ်း မန္တလေးမြို့တော်ဝန်မဟာ သင်္ကြန်မဏ္ဍပ်အနီးရှိ ဆိုင်ကယ်ရပ်နားရာနေရာတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ၊ ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“မန်းလေးမြို့တော်ဝန် မဏ္ဍပ်မှာ ဗုံး ၂ ခါ ကွဲတယ်။ ဒီမနက် ၁၀ နာရီပတ်ချာလည်လောက်က ဗုံးပေါက်တာ၊ ၅ မိနစ်လောက်ခြားပြီး ဗုံး ၂ လုံး ပေါက်တာ။ ၃ ဦးကတော့ လဲသွားတာ ခေါ်မရတော့ဘူး။ လူနာတင်ကားတွေလာတယ်။ ၁၀ ဦးကျော်လောက် ဒဏ်ရာရတယ်” ဟု ရဲသတင်းရင်းမြစ်က ရှင်းပြသည်။
လက်ရှိတွင် စစ်ကောင်စီက မန္တလေးမြို့ကို ပိတ်ဆို့၍ စစ်ဆေးမှုများလုပ်ဆောင်နေပြီး အနီးအနားရှိ CCTV များကို လိုက်လံစစ်ဆေးနေကြောင်း သိရှိရသည်
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ် #စစ်ကောင်စီတပ်ဖွဲ့ဝင်များ


