25 C
Yangon

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ရိက္ခာလာပို့သည့် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ရိက္ခာလာပို့သည့် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းကို ရိက္ခာပို့ပြီး ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၃ စီးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ရှိ ဇုန်အသီးသီးမှ ရဲဘော်များက ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ဒုတိယမြောက် ကား ၁ စီး ထိမှန်ခဲ့ပြီး မိနစ်အနည်းငယ်မျှ အပြန်လှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်သား ၃ ဦး သေဆုံးခဲ့ပြီး သေဆုံးသွာသော စစ်သား အလောင်းများကို တောရှည်ရွာ၌ ထားရစ်ကာ ဒဏ်ရာရရှိခဲ့သော စစ်သားများကို ထားဝယ်မြို့ကို ဆက်လက် သယ်ဆောင်သွားကြောင်း၊ သေဆုံးသွားသော စစ်သား အလောင်းများကို ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် တောရှည်ရွာ သင်္ချိုင်း၌ မြှုပ်နှံလိုက်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article