25 C
Yangon

မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာရှိ စစ်ဆေးရေး ဂိတ်ကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်

Must read

မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာရှိ စစ်ဆေးရေး ဂိတ်ကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၄

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစု (OPRF – PLA) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၁၇ မိနစ်ခန့်တွင် မြို့သစ်မြို့နယ်၊ ရွှေပန်းကျေးရွာရှိ စစ်သား၊ ရဲ နှင့် အုပ်ချုပ်ရေးမှူးများ ပူပေါင်း၍ စစ်ဆေးရေး ပြုလုပ်နေသော ဂိတ်ကို OPRF – PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဂိတ်ကို OPRF – PLA အဖွဲ့က ကိုက် ၂၀၀ ခန့်အကွာမှ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက် လုံးဝ မရှိဘဲ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။ စစ်ခွေးသေဆုံးမှုရှိပေမယ့် အတည်မပြုနိုင်သေးပါဘူး” ဟု အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစု (OPRF – PLA) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article