39 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၁၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက်မင်းအောင်လှိုင်ရောက်ရှိ အနားယူနေတဲ့ ပြင်ဦးလွင်မှာ မနေ့ညပိုင်းက ပြင်ဦးလွင် စစ်တက္ကသိုလ် ကို ဦးတည်ပစ်ခတ်တဲ့ ရှော့တိုက်ဒုံး ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရပြီး စစ်တက္ကသိုလ် ဝင်းထဲကိုလည်း ကျရောက်ပေါက်ကွဲမှု ရှိကာ အပြန်အလှန်ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ပြင်ဦးလွင်မြို့ ဒေသပြည်သူတွေက ပြောပါတယ်။
  • ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ ချင်းပြည်နယ်စစ်ကောင်စီ ပြည်နယ်ဝန်ကြီးတွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဝန်ကြီးတွေ အပါအဝင် ၆ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ CDF – ဟားခါးမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
  • ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံတောင်စစ်ဗျူဟာစစ်စခန်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီးတစ်ဦး အပါအဝင် စစ်သုံ့ပန်း ၁၈ ဦး ကို KIA က ဧပြီလ ၆ ရက်နေ့က ဖမ်းဆီးရှိခဲ့တယ်လို့ KIA မြေပြင်သတင်း ရင်းမြစ်တွေဆီက သိရပါတယ်။
  • မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်က မန္တလေးမြို့တော်ဝန် ဗဟိုမဟာသင်္ကြန်မဏ္ဍပ်အနီးမှာ မနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲရာ လူ ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article